ဘဝမှာအပျော်ရွှင်ရဆုံးမွေးနေ့ပွဲလေး ကို ကျင်းပခွင့်ရခဲ့တဲ့ နွယ်ဒါလီထွန်း

Posted on

မော်ဒယ်သရုပ်ဆောင် နွယ်ဒါလီထွန်းကတော့ Queen Oramin F ရဲ့ Progressive Queen Award ရရှိထားသူလေး ဖြစ်ပြီး ဇူလိုင်လ ၂၅ရက်နေ့ကတော့ သူမရဲ့မွေးနေ့မင်္ဂလာရက်မြတ်လေးဘဲ ဖြစ်ပါတယ် ။ သူမအတွက်မွေးနေ့အမှတ်တရအနေနဲ့ နှင်းဆီပန်း ၁၀၁ ပွင့်နဲ့ Spurise လုပ်ခံခဲ့ရပေမယ့် သူမရဲ့အချစ်ရေးသတင်းတွေကတော့ ငြိမ်နေဆဲပါပဲ ပရိသတ်ကြီးရေ ..။

သူမရဲ့မွေးနေ့မှာ နှင်းဆီပန်းတွေနဲ့ Surprise လုပ်ခံခဲ့ရပြီး မွေးနေ့ညပိုင်းမှာတော့ ချစ်ရခင်ရသူတွေနဲ့အတူ သူမရဲ့ မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာကျင်းပခဲ့တာဖြစ်ပါတယ် ။second family လို့ပြောရလောက်အောင် သွေးသားမတော်စပ်ပေမယ့် ကျွန်မကိုချစ်ပီးကျွန်မကချစ်ရတဲ့ မိသားစုဝင်တွေနဲ့ အတူ ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ ဒုတိယမိသားစုလေးနဲ့ဘဝမှာအပျော်ရွှင်ရဆုံးမွေးနေ့ပွဲလေး ကို ကျင်းပခွင့်ရခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

သူမရဲ့ မွေးနေ့ အမှတ်တရ ပုံရိပ်လေးတွေကို မျှော်နေကြတဲ့ ချစ်ပရိသတ်ကြီးအတွက် ဒီနေ့မှာတော့ ပန်းရောင် Dress လေးနဲ့ ကြွေရုပ်လေးလို လှနေတဲ့ မွေးနေ့ရှင်ရဲ့ ပျော်ရွှင်ဖွယ် မွေးနေ့အမှတ်တရလေးတွေကို မျှဝေပေးလာခဲ့တာပါ ။ နွယ်ဒါလီထွန်းရဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း သူမရဲ့ မွေးနေ့အမှတ်တရလေးတွေကို ထပ်ဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Nwe Darli Tun’
Emily (Cele Gabar)