ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၂၉)ရက်လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မေဦးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဒီနေ့ရဲ့ မွေးနေ့ရက်လေးအတွက်ကိုတော့ မေဦးရဲ့ပရိသတ်တွေနဲ့ လုပ်ဖေ်ကိုင်ဖက်အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကလည်း မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးထားကြပါသေးတယ်။
အခုလို မေဦးအတွက်မွေးနေ့ဆုတောင်းပေးတဲ့ အထဲမှာ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ လင်းလင်းကလည်း အပါအဝင်ပဲဖြစ်ပါတယ်။ လင်းလင်းကတော့ မေဦးရဲ့ မွေးနေ့လေးအတွက်ကို သတိတရနဲ့ အခုလိုပဲမွေးနေ့ဆုတောင်းပေးထားပါသေးတယ်။ “Happy bday မမမေဦးရေ။ ကျန်းမာပျော်ရွှင် စီးပွားတိုး ပါစေ” လို့ ဆုတောင်းပေးခဲ့တာပါ။
မေဦးတစ်ယောက် ဒီနေ့မွေးနေ့လေးကနေ စပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပိုမိုအောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက် ဖြစ်ပါစေလို့ CeleGabar ကနေလည်း မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မေဦးရဲ့ မွေးနေ့လေးအတွက်လည်း မွေးနေ့ဆုတောင်းစကားလေးတွေ ဆုတောင်းပေးခဲ့ကြပါဦး။
Chilli – CeleGabar
Source – Lin Linn