မနက်ခင်းစောစော အောင်ပန်းမြို့မှာ ချစ်ဇနီးနဲ့အတူ ကုသိုလ်ပြုခဲ့တဲ့ ဦးကျော်သူ

Posted on

ပရဟိတမင်းသားကြီး ဦးကျော်သူကတော့ ပြည်သူချစ်မင်းသားတစ်လက်ဖြစ်ပေမယ့် အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့ဘဲ နေ့စဉ်ဘဝကို ပရဟိတကုသိုလ်ပြုရင်း ရှင်သန်နေသူပါ။ သူတည်ထောင်ထားတဲ့ ကျော်သူနာရေးကူညီမှုအသင်းကြီးကနေတဆင့် သေဆုံးသူတွေရဲ့နောက်ဆုံးခရီးကို နေ့စဉ်နဲ့အမျှ စီစဉ်ပို့ဆောင်ပေးနေသလို လိုအပ်နေတဲ့နေရာတိုင်းမှာ လူအား၊ငွေအားနဲ့ကူညီပြီး အများကောင်းကျိုးဆောင်ရွက်နေသူပါ။

ဒီနေ့မှာတော့ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်တဲ့ ဇနီးသည်နဲ့အတူ နာရေးအသင်းဝင်များနဲ့ အောင်ပန်းမြို့လေးမှာ မနက်စောစော ကုသိုလ်ယူခဲ့ကြောင်း မျှဝေလာပါတယ်။ ဒီနေ့မနက်(၇) နာရီမှာတော့ ဦးကျော်သူနဲ့ဇနီး၊ မင်းသား ထွန်းကိုကို၊ ဇွဲလရောင်၊စွမ်းထက်နဲ့ နာရေးကူညီမှုအသင်း ( အောင်ပန်း) ဥက္ကဌနဲ့အသင်းဝင်များ၊ အဖြူရောင်တွဲလက်ပရဟိတအဖွဲ့သားများပူးပေါင်းပြီး အောင်ပန်းမြို့ အစိုးရဆေးရုံမှာ တက်ရောက်ကုသနေကြတဲ့လူနာများ၊ လူနာစောင့်မိသားစုများနဲ့ အချုပ်နှောင်ခံအကျဉ်းသားများအတွက် ထမင်းဆီဆမ်းပူပူ၊ ကြက်သားကြော်၊ ငရုတ်သီးကြော် မနက်စာကို လှူဒါန်းပေးခဲ့ပါတယ်။

ဒါ့အပြင် အောင်ပန်းဆေးရုံကြီးဝင်ရာ လမ်း၊တံတားအတွက် အလှူငွေတစ်သိန်းကျပ်ကိုလည်း လှူဒါန်းပေးခဲ့ပြီး ဦးကျော်သူကတော့ သူတို့တွေရဲ့ ကုသိုလ်အလှူလေးကို (၃၁)ဘုံ ကျင်လည်ကုန်သော လူ၊နတ်၊ဗြဟ္မာ၊ သတ္တဝါအပေါင်းနဲ့ မုန်းသူ၊ချစ်သူ၊ မိတ်ဆွေ၊ရန်သူတွေ ထပ်တူသာဓုခေါ်ဆိုနိုင်ဖို့ အမျှပေးဝေကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ အသင်းဝင်တွေနဲ့အတူတူ တက်ညီလက်ညီ အေးချမ်းတဲ့အောင်ပန်းမြို့လေးမှာ မနက်စောစောကုသိုလ်ပြုခဲ့တဲ့ ဦးကျော်သူနဲ့ဇနီးတို့ရဲ့ကြည်နူးစရာ အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Kyaw Thu

Rainbow- Cele Gabar