လာမယ့် (၂၈)ရက်နေ့မှာ သီချင်းအသစ်လေး ထွက်ရှိလာဦးမယ့် ချမ်းမြေ့မောင်ချို

Posted on

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ချမ်းမြေ့မောင်ချိုကတော့ လာမယ် ဇွန်လ (၂၈)ရက်နေ့မှာ သီချင်း အသစ်လေးတစ်ပုဒ်ထပ်မံထွက်ရှိလာဖို့ ရှိနေပါတယ်။ မောင်ချိုလေးက ပြီးခဲ့တဲ့ ဇွန်လ (၇)ရက်နေ့မှာ အဆိုတော် Ah Boy နဲ့ “အငွေ့အသက်များ” လို့ အမည်ရတဲ့ သီချင်းလေး တစ်ပုဒ်ထွက်ရှိထားခဲ့ပြီး ဒီသီချင်းလေးကလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းလေးဖြစ်ခဲ့ပါတယ်။

အခုတစ်ခေါက်မှာလည်း လာမည့် ဇွန်လ (၂၈)ရက်နေ့မှာ သီချင်းအသစ်လေး နောက်ထပ်တစ်အပုဒ်ထပ်မံထွက်ရှိလာဦးမှာပဲဖြစ်ပါတယ်။ ထွက်ရှိလာမယ့် သီချင်းလေးရဲ့ နာမည်ကတော့ “အိမ်ပြန်ချိန်” လို့ နာမည်ပေးထားပြီး ချမ်းမြေ့မောင်ချိုနဲ့ အတူ PAST12 ၊ Daniel Saw တို့ (၃)ယောက်အတူ ဖန်တီးထားတဲ့ သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။မောင်ချိုလေးရဲ့ ပရိသတ်တွေအတွက်တော့ ပျော်စရာသတင်းကောင်းလေးပါ။

မောင်ချိုလေးရဲ့ ပရိသတ်တွေကတော့ မောင်ချိုလေးရဲ့ သီချင်းအသစ်တွေထွက်ရှိလာမှာကို စောင့်မျှော်နေတတ်ကြတဲ့ သူတွေဖြစ်ပြီး မောင်ချိလေးကလည်း သူ့ရဲ့ပရိသတ်တွေ ရင်ထဲကို ရောက်မယ့် သီချင်းကောင်းလေးတွေကို ကြိုးစားဖန်တီးသီဆိုနေခဲ့တဲ့ သူတစ်ယောက်ပါ။ CeleGabar ပရိသတ်ကြီးတွေထဲမှာ မောင်ချို့ရဲ့ ပရိသတ်တွေရှိလား။

Chilli – CeleGabar
Source – ChanMyae MgCho