ပရိသတ်တွေသဘောကျနေတဲ့ ရွှေသမီးနဲ့ကျော်ထက်ဇော်တို့ အတွဲညီညီကနေတဲ့ Tik Tok လေး

Posted on

ကျော်ထက်ဇော်ကတော့ ပရိသတ်ချစ်တဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသားတစ်လက်ဖြစ်သလို ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူပါ။ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်သူ့ရဲ့သတင်းတွေကို မကြာခဏအသိပေးလေ့ရှိပြီး ပျော်စရာတွေကိုလည်း ပရိသတ်တွေနဲ့ မျှဝေတတ်ပါသေးတယ်။


မင်းသမီးချောလေးရွှေသမီးနဲ့အတူ Tik Tok တွေဆော့ထားတာဖြစ်ပြီး ပရိသတ်တွေကိုလည်းကြည့်စေချင်တာကြောင့် “ခရီးသွားရင်း ရွှေရွှေနဲ့ ဆော့ထားတာလေးအမှတ်တရ မကတက်ကတက်တွေ အခါပေါင်းများစွာရိုက်ထားလို့သည်းခံပြီးကြည့်ပေးနော်” ဆိုပြီးတော့ပြန်လည်မျှဝေပေးထားတာပါ။ သူတို့နှစ်ဦးကတော့ သီချင်းအတိုင်းအတွဲညီညီကထားကြတာဖြစ်ပြီး ပရိသတ်တွေကတော့ သဘောကျပြီးအားပေးနေကြတာ ဖြစ်ပါတယ်။

ကျော်ထက်ဇော်ကတော့ သိပ်မကတတ်ဘူးလို့ပြောထားပေမဲ့လည်း ပရိသတ်တွေကတော့ သဘောကျနေကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်လိုက်ဖက်ညီပြီး ချစ်ဖို့ကောင်းတဲ့ Tik Tok လေးကို ပရိသတ်ကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…
Source : KyawHtetZaw