အပတ်စဉ်ဆွမ်းလောင်းလှူတဲ့ ကုသိုလ်လေးကို မျှဝေဖော်ပြလာတဲ့ ဂျူးဂျူးကေ

Posted on

ဂျူးဂျူးကေကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးချောလေး တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဂျူးဂျူးကေက အနုပညာလှုပ်ရှားမှုတွေကို ခပ်ကျဲကျဲသာလုပ်ကိုင်နေခဲ့ပြီး ကုသိုလ်ရေးတွေကို ပိုမိုအချိန်ပေးလုပ်ကိုင်နေခဲ့ပါသေးတယ်။

ကုသိုလ်ရေးတွေကို ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်နေခဲ့ပြီး လတ်တလောမှာလည်း အပတ်စဉ်ဆွမ်းလောင်းလှူတဲ့ အလှူလေးကိုလည်း ပြုလုပ်နေခဲ့ပါသေးတယ်။ ဂျူးဂျူးကေကတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့မနက်ခင်းတိုင်းမှာ သံဃာတော်တွေကို ဆွမ်းလောင်းလှူတဲ့ ကုသိုလ်လေးကို ပြုလုပ်နေခဲ့တဲ့ အလှူရဲ့ ကောင်းမှုတွေကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

အခုလို ဘုရားတရားကို ကိုင်ရှိုင်းတဲ့ ဂျူးဂျူးကေတစ်ယောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒတွေပြည့်ဝပါစေလို့ CeleGabar ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ဂျူးဂျူးကေရဲ့အလှူလေးကို ထပ်တူထပ်မျှသာဓုခေါ်လို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ် ပရိသတ်ကြီးရေ။

Chilli – CeleGabar
Source – Ju Jue K