ဆရာလေးဒေါ်နန္ဒမာလာ(သရုပ်ဆောင်တင့်တင့်ထွန်း) ကွယ်လွန်သည်ဆိုတဲ့သတင်းမှာ သတင်းအမှားသာဖြစ်

ပရိသတ်ကြီးရေ ဒီနေ့ဇူလိုင်လ(၂၉) ရက်နေ့မှာတော့ ဆရာလေးဒေါ်နန္ဒမာလာ(သရုပ်ဆောင်တင့်တင့်ထွန်း) ကွယ်လွန်သွားပြီဖြစ်ကြောင်းသတင်းတချို့ လူမှုကွန်ရက်စာမျက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဆရာလေးကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာရပ်တည်ခဲ့တဲ့သူဖြစ်ပြီး သူအောင်မြင်နေတဲ့အချိန်မှာပဲ သာသနာ့ဘောင်အပြီးဝင်ကာ တရားအားထုတ်နေသူပါ။

ဒီနေ့မနက်(၉)နာရီမှာတော့ မုံရွာခရိုင်၊ ဘုတလင်မြို့ ကြောင်ပန်းတောရတိုက်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းတချို့တက်လာတာကြောင့် ပရိသတ်တွေများစွာစိတ်မကောင်းဖြစ်ခဲ့ရတာပါ။ မကြာသေးခင်ကမှ အနုပညာငွေကြယ်ပွင့်တွေဖြစ်တဲ့ ဦးဇင်းကိတ္ထိသာရ(ဦးကျော်ဟိန်း) နဲ့ ဟာသလူရွှင်တော်ဦးမန်းဝင်းတို့ကို ဆုံးရှုံးခဲ့ရတာကြောင့် ပရိသတ်တွေအတွက် ပိုလို့စိတ်ထိခိုက်စေခဲ့ရတာပါ။

ဒါပေမယ့် ကံကောင်းထောက်မစွာ ဒီသတင်းက အမှားသာဖြစ်ပြီး ဆရာလေးအေးချမ်းစွာနဲ့ တရားအားထုတ်နေကြောင်း သိရပါတယ် ပရိသတ်ကြီးရေ….တချိန်တုန်းက ပရိသတ်တွေအတွက် ကိုယ်တတ်ကျွမ်းတဲ့အနုပညာအရည်အသွေးတွေနဲ့ အားပါးတရဖျော်ဖြေခဲ့တဲ့ ဆရာလေးနန္ဒမာလာ ကျန်းမာစွာနဲ့ တရားအားထုတ်ပြီး ဒီထက်မက သာသနာပြုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x