စားချင်နေတာကို မရမကရှာပြီးပို့ပေးတဲ့ ပရိသတ်ကြောင့် ပျော်ရွှင်နေခဲ့တဲ့ ပိုပို

Posted on

ပရိသတ်ကြီးရေ ပိုပိုကတော့ လက်ရှိမှာ ပရိသတ်အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပိုပိုရဲ့ ပရိသတ်တွေကတော့ ပိုပိုကို သည်းသည်းလှုပ်အားပေးချစ်ခင်ကြပြီး ပိုပိုအတွက် လိုအပ်မယ်ထင်တာတွေနဲ့ အစားအသောက်တွေကို အမြဲတမ်းလိုလို လက်ဆောင်တွေပို့ပေးလေ့ရှိကြပါသေးတယ်။

လတ်တလောမှာလည်း ပိုပိုက သူ့ပရိသတ်တစ်ယောက်ရဲ့ သူ့အပေါ် ချစ်ခင်မှုတစ်ခုကြောင့် ပျော်ရွှင်ကျေနပ်နေခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။ “ကျွန်မ စားချင်လို့ နေရာတကာ လိုက်ရှာပြီး နောက်ဆုံး မန်းလေးကနေ ပို့ပေးလိုက်တဲ့ ဒီ ပေါက်ပေါက်က ရှာရအခက်ဆုံးပဲ။ တခြားပေါက်ပေါက် သိပ်မကြိုက်ဘူး။ ကျွန်မ Fan လေးတွေက ဘယ်လောက်ချစ်ဖို့ကောင်းလဲ သိလား?”လို့ ပေါက်ပေါက်ကို စားချင်လို့ ဝယ်မရဖြစ်နေချိန်မှာ တကူးတကရှာဝယ်ပို့ပေးလိုက်တဲ့ ပရိသတ်ကြောင့် ပိုပိုတစ်ယောက် ပျော်ရွှင်နေခဲ့တာပါ။

တန်ဖိုးနည်းတာများတာထက် စားချင်နေတဲ့ အချိန်မှာ စားချင်တာကို တကူးတကရှာဝယ်ပို့ပေးတဲ့ ပရိသတ်ကို ပိုင်ဆိုင်ထားတာကြောင့် ပိုပိုတစ်ယောက် ဘယ်လောက်တောင်မှ ကံကောင်းလိုက်သလဲ။ CeleGabar ပရိသတ်ကြီးရေ ဒီလိုမျိုး ပရိသတ်ကို ပိုင်ထားတဲ့ အတွက် ပိုပိုကတော့ တော်တော်လေးကို ပျော်ရွှင်ကျေနပ်နေခဲ့ပါတယ်။

Chilli – CeleGabar
Source – ဝတ်ရည်မိုး