အလှူပြုလုပ်ခဲ့တဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေလာတဲ့ အုပ်စိုးခန့်

Posted on

အသက်ငယ်ငယ်လေးနဲ့အနုပညာလောကမှာ အောင်မြင်မှုတွေရရှိလာသူတွေထဲမှာတော့ အုပ်စိုးခန့်တစ်ယောက်လည်း အပါအဝင်ပါ။ အုပ်စိုးခန့်ကတော့ မော်ဒယ်လ်၊မင်းသားချောတစ်လက်ဖြစ်သလို ပရိသတ်တွေအချစ်ကိုရရှိထားတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ “The Number One” ဆိုပြီးကိုယ်ပိုင်အယ်လ်ဘမ်တစ်ချပ်ထွက်ရှိချိန်မှာကတည်းက ပရိသတ်တွေနှစ်ခြိုက်ပြီးသဘောကျခြင်းကိုလည်း ခံခဲ့ရတာပါ။


ပရိသတ်အသိအမှတ်ပြုမှုအခိုင်အမာရရှိထားတာနဲ့အတူ အုပ်စိုခန့်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်လာခဲ့ပါပြီ။ သူ့ရဲ့အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေကို မကြာခဏချပြလေ့ရှိတဲ့အုပ်စိုးခန့်ကတော့ အလှူလေးပြုလုပ်ခဲ့တဲ့အကြောင်းကို မျှဝေလာတာပါ။ Ve Ve နဲ့အတူအလှူလေးလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီဆောင်ရွက်မှုလေးကို ပရိသတ်တွေကို ဗီဒီယိုပြန်လည်မျှဝေပေးမယ်ဆိုလာပါတယ်။


ပရိသတ်တွေချစ်တဲ့အုပ်စိုးခန့်ကတော့ အလှူပုံရိပ်လေးတွေတော့ မျှဝေပေးထားပါသေးတယ်။ အနုပညာပိုင်းမှာကြိုးစားမှုတွေနဲ့အတူ အုပ်စိုးခန့်ကတော့လက်ရှိအချိန်မှာ မဒီလေးတွေသည်းသည်းလှုပ်ချစ်ရတဲ့ မင်းသား၊အဆိုတော်တစ်လက်လည်းဖြစ်နေတာပါ။ နောက်ထပ်အနုပညာခြေလှမ်းတွေကို ထပ်လှမ်းမလဲဆိုတာ စောင့်မျှော်လျှက်ပါပဲနော်…


Source : OakSoeKhant