ဈေးဝယ်ဝါသနာပါတဲ့ ပရိသတ်ကြီးအတွက် အလုပ်မရှုပ်စေမယ့်နည်းလမ်းလေး မျှဝေလိုက်တဲ့ ဖြူဖြူထွေး

Posted on

ရိုးသားသွက်လက်ပြီး ပကာသနမရှိတဲ့ဖြူဖြူထွေးကတော့ တစ်နေ့တခြားတိုးများလာတဲ့ အမာခံပရိသတ်တွေနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိလာသူတစ်ယောက်ပါ။ ဆိုင်ဖွင့်ပွဲ၊ ပွဲတက်အခမ်းအနား၊ ကြော်ငြာရိုက်ကူးရေးစတာတွေမှာ အများဆုံးတွေ့မြင်လာရတဲ့အပြင် သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ရိုက်တဲ့ကြော်ငြာလေးတွေကိုလည်း နေ့စဉ်နဲ့အမျှတွေ့မြင်ရမှာပါ။

ဒီတစ်ခေါက်မှာတော့ ဈေးဝယ်ရတာဝါသနာပါတဲ့ အိမ်ရှင်မတွေအတွက် အချိန်မကုန်၊ အလုပ်မရှုပ်၊ ကိုဗစ်ကြောက်စရာမလိုဘဲ အိမ်မှာပဲထိုင်နေရင်း အမျိုးစုံဝယ်လို့ရတော့မယ့်အကြောင်းကို ကြော်ငြာလေးနဲ့ မျှဝေခဲ့ပါတယ်။ သူအမြဲကြော်ငြာပေးလေ့ရှိတဲ့ rgo47 ဈေးဝယ်အပလီကေးရှင်းကနေပြီးတော့ မကြာခင်မှာ Facebook Live လွှင့်ကာ ဈေးရောင်းချတော့မှာဖြစ်ပြီး အစားအသောက်၊အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံကို ဈေးနှုန်းသက်သာစွာ တစ်နေရာတည်းမှာ ဝယ်ယူရရှိနိုင်တော့မှာပါ။

ဘာကြော်ငြာလေးပဲရိုက်ရိုက် ကိုယ်ပိုင်ဇာတ်ညွှန်း၊ ဇာတ်အိမ်လေးနဲ့ ရိုက်တတ်တဲ့ဖြူဖြူထွေးကတော့ ဒီတစ်ခေါက်မှာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်သူ ဂွမ်းပုံကြီးနဲ့ ဒီကြော်ငြာလေးကို ရိုက်ကူးကာ မျှဝေခဲ့ပါတယ် ။ ရောဂါပိုးရန်ကို ကြောက်ပြီး အပြင်ထွက်ဈေးမဝယ်ဖြစ်တော့တဲ့ ဈေးဝယ်ဝါသနာရှင်တို့အတွက် ဖြူဖြူထွေးကြော်ငြာပေးလိုက်တဲ့ သတင်းကောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Phyu Phyu Htwe
Rainbow- Cele Gabar