အေးချမ်းတည်ငြိမ်တဲ့အလှလေးကိုပိုင်ဆိုင်ထားတဲ့မင်းသမီးချောလေးမြတ်နိုးအေးကိုတော့ ပရိသတ်တွေသတိထားမိကြမှာပါ။ ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ “ည” ဇာတ်ကားမှာစပြီး သတိထားမိကြသလို “သူစိမ်းအိမ်” နဲ့ Canal+ ရုပ်သံလိုင်းကနေပြီး ထုတ်လွှင့်ခဲ့တဲ့ “လိပ်ပြာ” ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေချစ်ခင်အားပေးမှုကို ရရှိထားတာပါသေးတယ်။ အခုလည်း မကြာခင်မှာmntv ရုပ်သံလိုင်းမှာပြသတော့မယ့် “ရင်ခုန်သံ(၇၄)ရက်” ရုပ်သံဇာတ်လမ်းတွဲမှာအဓိကဇာတ်ဆောင်အေနေနဲ့ပါဝင်ထားတာပါ။
မြတ်နိုးအေးကတော့ မြန်မာဝတ်စုံလေးနဲ့အလှပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေလာခဲ့ပါတယ်။ အေးချမ်းတည်ငြိမ်တဲ့ အလှပိုင်ရှင်လေးကတော့ မြန်မာဝတ်စုံလေးနဲ့လည်း ကျက်သရေရှိရှိတင့်တယ်လွန်းနေတာပါ။ သူ့ရဲ့ပိုစ့်အောက်မှာ နာမည်ကျော်အဆိုတော်၊မင်းသမီးတစ်လက်ဖြစ်တဲ့ ချစ်သုဝေက “So lovely and simple” ဆိုပြီးတော့ မှတ်ချက်ပြုခဲ့တာပါ။ ငယ်ငယ်ကတည်းကကြိုက်နှစ်သက်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အရမ်းပျော်သွားတဲ့အကြောင်းကို မြတ်နိုးအေးကတော့ သူ့ရဲ့ My Story မှာရေးသားခဲ့ပါတယ်။
မြတ်နိုးအေးကတော့ တက်သစ်စတစ်ယောက်အနေနဲ့ သရုပ်ဆောင်ပိုင်းမှာအရည်အချင်းရှိတဲ့သူတစ်ယောက်အဖြစ်အသိအမှတ်ပြုခံထားရသလိုပရိသတ်အချစ်တွေကိုလည်း ပိုပိုတိုးပြီး ရရှိလာသူပါ။ မကြာခင်မှာ ရင်ခုန်သံ(၇၄)ရက်ဆိုတဲ့ ဇာတ်လမ်းတွဲကြီးထုတ်လွှင့်တော့မှာဖြစ်တာကြောင့် ပရိသတ်တွေကတော့ ရင်ခုန်နေပါပြီ…
Source : MyatNoeAye