ပိုးမီကတော့ အောင်မြင်ကျော်ကြားတဲ့ မြန်မာအိုင်ဒေါ Season- 2 ရဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို ရရှိခဲ့သူတစ်ယောက်ပါ။ လက်ရှိအချိန်မှာ အောင်မြင်တဲ့အဆိုတော်တစ်ယောက်အနေနဲ့ ပွဲပေါင်းများစွာဖျော်ဖြေနေရသူတစ်ယောက်ပါ။
ပိုးမီကတော့ သူမရဲ့ခံစားချက်အချို့နဲ့ အနုပညာလှုပ်ရှားမှုတွေအားလုံးကို သူမရဲ့ Official Page ကနေတဆင့် ပရိသတ်တွေကိုအမြဲမျှဝေပေးနေတဲ့ သူတစ်ယောက်ပါ ။ လတ်တလောမှာတော့ တစ်ခါတစ်လေ တိမ်စိုင်တွေကို သိပ်အားကျတယ် အချုပ်အနှောင် မရှိ မျောချင်ရာမျောလွင့်ခွင့်ရှိသလို မျိုသိပ်ထားရသမျှ မခံနိုင်တဲ့အခါ မိုးအဖြစ် ရွာချခွင့်လဲ ရှိတယ် ကျွန်မ တိမ်စိုင် တစ်ခု ခဏလောက်ဖြစ်ချင်တယ် ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ ခံစားချက်အချို့ကိုရေးသားဖော်ပြလာခဲ့ပါတယ် ။
သူမရဲ့ ပရိသတ်တွေကတော့ တိမ်စိုင်တွေနဲ့ပတ်သက်ပြီး သီချင်းသစ်တစ်ပုဒ်လောက် နားဆင်ချင်တယ်ဆိုတဲ့ မှတ်ချက်လေးတွေ ပေးထားကြတာလည်းတွေ့ရသလို သူမရေးတဲ့ စာသားလေးတွေကို သဘောကျတယ်ဆိုတဲ့မှတ်ချက်လေးတွေ ရေးသားထားကြတာလည်းတွေ့ရပါတယ် ။
Source : Poe Mi
Emily (Cele Gabar)