ရန်ကုန်မှာဘုရားတွေပြန်ဖွင့်ရင် စေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Sinon Loresca

ပရိသတ်တွေရဲ့အချစ်တော် Sinon ကတော့ ဖိလစ်ပိုင်နိုင်ငံက မော်ဒယ်လ် တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လာရောက်လုပ်ကိုင်နေတာဖြစ်ပါတယ် ။ ဆင်းရဲချို့တဲ့ပြီး လိုအပ်နေတဲ့နေရာတွေမှာ တတ်အားသမျှပါဝင် ကူညီတတ်တဲ့ စိတ်ဓာတ်တွေကြောင့် မြန်မာနိုင်ငံရဲ့ ပရိသတ်တွေအားလုံးက လေးစားချစ်ခင်နေရတာပါ ။

လတ်တလောမှာတော့ ရန်ကုန်က ဘုရားတွေ မကြာခင်ပြန်ဖွင့်တော့မယ်လို့ ကြားသိရတဲ့အတွက် ကျွန်တော် ကိုယ်တိုင်စေတနာ့ဝန်ထမ်း တစ်ယောက်အဖြစ် ဘုရားတွေမှာ သန့်ရှင်းရေးလုပ်ချင်ပါတယ် ကျွန်တော် အဲ့လိုလုပ်လို့ရမယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျ ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့ ပရဟိတစိတ်ဓာတ်လေးနဲ့ ကူညီချင်တဲ့အကြောင်းကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားပြီး ပရိသတ်တွေကို အသိပေးလာခဲ့တာဖြစ်ပါတယ် ။

Sinon ရဲ့ ပရိသတ်တွေကတော့ သူ့ရဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓာတ်လေးကို ချီးကျူးနေကြပြီး သူလုပ်ချင်တဲ့ ကုသိုလ်လေးအတွက် သာဓုလေးတွေ ခေါ်ဆိုပေးထားကြပါသေးတယ် ။ ဒါ့အပြင် ဘုရားမှာ စေတနာ့ဝန်ထမ်းအဖြစ် သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း ပါဝင်ချင်တဲအ့ကြောင်း ပရိသတ်တွေက မှတ်ချက်လေးတွေရေးသားထားကြပါသေးတယ် ။

Source : Sinon Loresca
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x