ပရိသတ်တွေချစ်တဲ့ရုပ်သံဇာတ်လမ်းတွဲမင်းသမီးတွေထဲမှာတော့ ပိုးကြာဖြူခင်တစ်ယောက်အပါအဝင်ဖြစ်ပြီး ဆိုင်းမိုင်လို့လည်း ချစ်စနိုးခေါ်ကြပါသေးတယ်။ ဆိုင်းမိုင်ကတော့ သရုပ်ဆောင်ပိုင်းမှာ ကြိုးစားတာကြောင့် ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုတွေရရှိထားသလို ပရိသတ်တွေရဲ့အချစ်တွေကိုလည်းရရှိထားတာပါ။ ဆိုင်းမိုင်ကတော့ ဘာသာရေးလည်းလိုက်စားတဲ့သူဖြစ်တာကြောင့် လေးစားစရာပါ။
သိပ်မကြာသေးခင်ကလည်း မဟာမြိုင်တောရကိုသွားရောက်ပြီးတော့ တရားအားထုတ်ခဲ့ပါသေးတယ်။ အခုလည်း အလှူအတန်းတွေကို တတ်နိုင်သလောက်ပြုလုပ်နေတာပါ။ သူကတော့ မိခင်ဖြစ်သူနဲ့အတူ သန်လျင်မှာရှိတဲ့သီလရှင်ကျောင်းကို ကျောင်းဆောက်ရာမှာ ပါဝင်လှူဒါန်းခဲ့တာပါ။ အဲ့ဒီအကြောင်းကို ” ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အတွက် ရေစက်ချလှူဒါန်းခဲ့စဉ်” ဆိုပြီးတော့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားပါသေးတယ်။
ပိုးကြာဖြူခင်ကတော့ မြန်မာဆန်တဲ့ဝတ်စားဆင်ယင်မှုအလှတွေနဲ့အတူ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့မင်းသမီးတစ်လက်ပါ။ ရရှိတဲ့အနုပညာကြေးတွေကိုလည်း အခုလိုမျိုးအကျိုးရှိတဲ့နေရာမှာ အသုံးပြုလေ့ရှိတာကြောင့် တကယ့်ကိုလေးစားစရာစရာပါပဲ။
Source : PoeKyarPhyuKhin