ပရိသတ်တွေကို မချိတင်ကဲဖြစ်စေခဲ့တဲ့ “ဂျီဟောသူ” ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်း

ဂျီဟောသူဇာတ်လမ်းတွဲကတော့ (၁၉၈၀) ကာလဝန်းကျင်ခန့်ကိုပြန်လည်ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးပါ။ ဒီဇာတ်လမ်းတွဲမှာတော့ ပရိသတ်တွေမြင်တွေ့ဖူးတဲ့ ဟိန်းထက်၊မေမီကိုကို၊ရှင်မွေလ၊မိုက်မိုက်စတဲ့သရုပ်ဆောင်တွေအပြင် အခြားသရုပ်ဆောင်တွေပါ ပါဝင်ခဲ့ကြတာပါ။ ဒီဇာတ်လမ်းကတော့ စာရေးဆရာမကြီးမစန္ဒာရဲ့ နာမည်ကျော်လူကြိုက်များတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်တာကြောင့် ပရိသတ်တွေက ဇာတ်ကားအဖြစ်ပြန်လည်ဖန်တီးတဲ့နေရာမှာ စိတ်ဝင်စားခဲ့ကြပါတယ်။


ဒီဇာတ်ကားထဲမှာပါဝင်တဲ့ သရုပ်ဆောင်တိုင်းကတော့ အကောင်းဆုံးကြိုးစားခဲ့ကြတာကြောင့် ပရိသတ်တွေရဲ့ချီးကျူးမှုလည်း ရရှိခဲ့ပါတယ်။ တစ်ချိန်ကစက်မှုတက္ကသိုလ်ကိုနောက်ခံထားတဲ့ ကျောင်းဇာတ်လမ်းလေးဖြစ်တဲ့ “ဂျီဟောသူ” ဇာတ်ကားဟာ လွမ်းမောစရာတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာမနေ့ ဇာတ်သိမ်းသွားတာဖြစ်ပြီး ခေတ်ဟောင်းကို ဖန်တီးခဲ့တာကြောင့် လိုအပ်ချက်တွေရှိခဲ့တယ်လို့လည်း အချို့ဝေဖန်ကြသလို ကြိုက်နှစ်သက်သူတွေလည်း များခဲ့ပါတယ်။


ဇာတ်သိမ်းကိုတော့ အသက်တွေကြီးသွားတဲ့အချိန်ကိုရိုက်ပြခဲ့တာဖြစ်ပြီး ဇာတ်သိမ်းမှာ အတွဲကိုယ်စီဖြစ်ခဲ့တဲ့သူတွေလည်းရှိသလို တစ်ကိုယ်တည်းသမားဘဝမှာအောင်မြင်ပျော်ရွှင်နေသူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အရမ်းချစ်ခဲ့ကြပေမဲ့မဆုံစည်းနိုင်ခဲ့တဲ့ ငြိမ်းဝေနဲ့မိမိလေးတို့နှစ်ဦးအတွက်ကတော့ ပရိသတ်တွေကမချိတင်ကဲဖြစ်ခဲ့ကြတာပါ။ ဇာတ်သိမ်းပိုင်းနဲ့ပတ်သက်ပြီး ခံစားချက်လေးတွေ မျှဝေခဲ့ပါဦးနော်…
Source : MRTV-4

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x