အသေးစားခွဲစိတ်မှုလေးကိုတောင် ဒူးတုန်အောင်ကြောက်ပြီးငိုခဲ့တဲ့ နော်ဖောအယ်ထား

Posted on

တက်သစ်စမင်းသမီးချောလေးနော်ဖောအယ်ထားကိုတော့ ပရိသတ်တွေသိကြမှာပါ။ ပျောက်ဆုံးနေသောအမှန်တရားဇာတ်လမ်းတွဲထဲမှာ သုဒြာအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ပရိသတ်တွေသတိထားမိကြမှာလည်း ဖြစ်ပါတယ်။ အခုဆိုရင် ဓာတ်ပုံမော်ဒယ်လ်အနေနဲ့သာမက အနုပညာအလုပ်တွေလုပ်ကိုင်လာတာကိုလည်း တွေ့ရမှာပါ။


ချစ်စရာကောင်းပြီးလှပလွန်းတဲ့ ကရင်မလေးနော်ဖောအယ်ထားကတော့ အသေးစားခွဲစိတ်မှုလေးနဲ့ပတ်သက်ပြီး “minor operation ဆိုပေမဲ့လည်း ကြောက်လို့ဒူးပါတုန်တယ်။ ဆရာဝန်တွေရယ်နေပြီအရမ်းကြောက်တတ်လို့ ထုံဆေးထိုလိုက်ကတည်းက စငိုတော့တာပဲ။ သူနာပြုလေးတွေက အာရုံတွေပြောင်းအောင်စကားတွေပြောပေးလည်းမရဘူးငိုတာပဲ။ စလည်းခွဲရောအသက်ရှူဖို့တောင်မေ့ပြီးတင်ခံနေတော့ ပြီးပြီဆိုမှအသက်ရှူဖို့သတိရတယ်။ ထွက်လည်းထွက်လာရောရင်တွေတုန်လို့မိုက်ခနဲဖြစ်ပြီး Shock ရတာ လမ်းတောင်မလျှောက်နိုင်တော့ဘူး။ နည်းနည်းနောနောသတ္တိတွေလား နော်ဖောအယ်ထားရယ်။ “ဆိုပြီးတော့ သူ့ရဲ့ My Story မှာတင်ထားတာလည်း ဖြစ်ပါတယ်။


နော်ဖောအယ်ထားကတော့ အသေးစားခွဲစိတ်မှုလေးကိုတောင်အကြောက်လွန်ပြီး ငိုခဲ့သေးတယ်လို့ဆိုထားပါတယ်။ ခွဲစိတ်ထားတာတွေအမြန်ဆုံးသက်သာပါစေ နော်ဖောရေ…
Source : NawPhawEhHtar