ဒုတိယမြောက်ရင်သွေးလေးကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ နန်းမြတ်ဖြိုးသင်း

ပရိတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မော်ဒယ်သရုပ်ဆောင် အဆိုတော် နန်းမြတ်ဖြိုးသင်းကတော့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးနဲ့ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ခပ်ကျဲကျဲသာလုပ်ကိုင်နေခဲ့ပြီး အိမ်ထောင်ရှင်မကောင်းတစ်ယောက်အနေနဲ့ မိသားစုဘဝလေးကို တည်ဆောက်ကာ ဘဝကိုရပ်တည်နေခဲ့ပါတယ်။

နန်းမြတ်ကတော့ ချစ်စရာကောင်းလှတဲ့ သားသားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားခဲ့တာပရိတ်တွေသိရှိပြီးသားဖြစ်မှာပါ။ သို့ပေမဲ့ မနေ့က ညကတော့ နန်းမြတ်က သူ့မှာ နောက်ထပ်ရင်သွေးလေးတစ်ယောက်ကို ထပ်မံလွယ်ထားရတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဗီဒီယိုလေးနဲ့ ဖော်ပြလာခဲ့ပါတယ်။ ဗီဒီယိုလေးထဲမှာတော့ နန်းမြတ်က လွန်ခဲ့တဲ့ တစ်လလောက်က ခင်ပွန်းဖြစ်သူကို ကိုယ်ဝန်ရှိကြောင်း Suprise လုပ်ပြောပြခဲ့ပြီးတာကို မှတ်တမ်းတင်ထားခဲ့တာပဲဖြစ်ပါတယ်။

ဒုတိယမြောက် ရင်သွေးလေးကို ထပ်မံလွယ်ထားရပြီး မကြာခင်မှာ ပိုင်ဆိုင်တော့ပါဆိုတော့ Congratulations ပါ နန်းမြတ်ရေ။ CeleGabar ပရိသတ်ကြီးတွေလည်း ဒုတိယရင်သွေးလေးကို ပိုင်ဆိုင်တော့မယ့် နန်းမြတ်တို့ ဇနီးမောင်နှံအတွက် ဂုဏ်ပြုစကားလေးတွေပြောခဲ့ပေးကြပါဦး ပရိသတ်ကြီးတို့ရေ။

Chilli – CeleGabar
Source – Nan Myat Phyo Thin

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x