မွေးနေ့အလှူလေးအဖြစ် ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ ဆုမြတ်နိုးဦး

ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၃၀)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ဆုမြတ်နိုးဦးရဲ့ မွေးနေ့ကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ဒီနေ့မွေးနေ့ရက်လေးမှာတော့ ဆုမြတ်နိုးဦးက မွေးနေ့အလှူလေးပြုလုပ်ခဲ့တဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။

ဆုမြတ်နိုးဦးကတော့ မွေးနေ့အလှူလေးအဖြစ် သန်လျင်စက်ပစ်ကွင်းကျောင်းနဲ့ သန်လျင်ဆုတောင်းပြည့်တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်း တို့မှာ ဝါဆိုသင်္ကန်းနဲ့ အလှူငွေများလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့မွေးနေ့လေးမှာ ပြုလုပ်တဲ့ အလှူလေးရဲ့ ကုသိုလ်အဖို့ဘာဂကို ဆုမြတ်နိုးဦးက သူ့ရဲ့ပရိသတ်တွေထပ်တူထပ်မျှကုသိုလ်ရစေဖို့ အမျှပေးဝေထားခဲ့ပါသေးတယ်။

မွေးနေ့အလှူလေးကို မိသားစုနဲ့ မကြာသေးခင်က ဆုံးပါကွယ်လွန်သွားတဲ့ မိခင်ဖြစ်သူကိုလည်း အမျှပေးဝေထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ဆုမြတ်နိုးဦးရဲ့မွေးနေ့အလှူလေးကို သာဓုခေါ်ဆိုပြီး မွေးနေ့လေးအတွက် ဆုတောင်းစကားလေးတွေဆုတောင်းပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။

Chilli – CeleGabar
Source – Hsu Myat Noe Oo

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x