မိမိမှာ အားနည်းချက်တွေရှိပေမဲ့ ကျေနပ်တယ်လို့ဆိုလာတဲ့ ပိုပို

ပိုပိုကတော့ လက်ရှိအချိန်မှာအဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်တဲ့သူအဖြစ်ရပ်တည်နေတာဖြစ်ပြီး ပရိသတ်အားပေးမှုများစွာရရှိထားတာပါ။ အဘွားဖြစ်သူနဲ့ကြီးပြင်းခဲ့ရပြီး ကိုယ့်ဒူးကိုယ်ချွန်ကာ ဘဝမှာအလွန်ကြိုးစားပြီးမှ အောင်မြင်လာတဲ့သူတစ်ယောက်ဖြစ်တာကြောင့်လည်း လေးစားစရာကောင်းတဲ့သူတစ်ယောက်ပါ။


နေ့စဉ်လှုပ်ရှားမှုတွေကို မျှဝေလေ့ရှိတဲ့ပိုပိုကတော့ ဒီနေ့မှာတော့သူ့ရဲ့ခံယူချက်လေးကို မျှဝေလာခဲ့တာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ပို့ မှာ အားနည်းချက် တွေ ရှိကောင်းရှိနေလိမ့်မယ် ဒါပေမဲ့ ပို့ ဘဝကို ပို ကျေနပ်တယ် ပိုပို ဟာ ပိုပိုပဲလေ” ဆိုပြီးတော့ ရေးသားထားတာပါ။ လူတိုင်းမှာတော့ အားနည်းချက်တွေရှိတတ်ကြပါတယ်။ ပိုပိုကတော့ သူ့ရဲ့အားနည်းချက်လေးတွေကို  ကျေနပ်တယ်လို့ ဆိုထားပါတယ်။


ပိုပိုကတော့ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ပြီး ပရိသတ်တွေကို သီချင်းအသစ်တွေချပြဖို့ ကြိုးစားလေ့ရှိတဲ့သူတစ်ယောက်ပါ။ လက်ရှိအချိန်မှာလည်း သီချင်းအသစ်အတွက် ရိုက်ကူးရေးတွေပြုလုပ်နေတာပါ။ အောင်မြင်နေတဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့ ပိုပိုကတော့ သူရဲ့အားနည်းချက်တွေကို ကျေနပ်တတ်တဲ့သူတစ်ယောက်လို့ဆိုထားပါတယ်နော်…
Source : ပိုပို

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x