ဒီနေ့မှာ ဇီဝိတဒါန ငါးလွှတ်ကုသိုလ်ယူခဲ့တဲ့ ခန့်စည်သူ

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသားချော ခန့်စည်သူကတော့ ဒီနေ့ ဇွန်လ (၂၁)ရက်နေ့မှာ ဇီဝိတဒါနကုသိုလ်လေးတစ်ခုက်ု ထပ်မံပြုလုပ်ခဲ့ပြန်ပါတယ်။ ခန့်စည်သူက အလှူအတန်းတွေကို အလှူရေစက်လက်နဲ့မကွာဆိုသလို လှူဒါန်းနေခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး အမြဲတမ်းလိုလို သူ့ရဲ့ကောင်းမှုတွေကို ပရိသတ်တွေသာဓုခေါ်ဆိုလို့ရအောင်မျှဝေပေးလေ့ရှိပါတယ်။

ဒီနေ့ဇွန်လ (၂၁)ရက်နေ့မှာလည်း ဇီဝိတဒါန ငားလွှတ်အလှူလေးပြုလုပ်ခဲ့တာကို ပရိသတ်တွေသာဓုခေါ်ဆိုလို့ရအောင် အခုလိုပဲ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားပါသေးတယ်။ “ယနေ့ ကုသိုလ် (၂၁-၆-၂၀၂၀) အရပ်(၁၀)မျက်နှာနေ အားလုံးသောသတ္တဝါတွေ ဘေးရန်ကင်းကြပါစေ။ စိတ်ဆင်းရဲကင်းကြပါစေ။ ကိုယ်ဆင်းရဲကင်းကြပါစေ။ ကျန်းမာ ချမ်းသာစွာဖြင့် မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။ သာဓု သာဓု သာဓု”လို့ မေတ္တာလေးလည်း ပို့ထားပါသေးတယ်။

ပရိသတ်တွေကတော့ ခန့်စည်သူရဲ့ မွန်မြတ်ဖြူစင်လှတဲ့ စိတ်ထားလေးကို ချီးကျူးနေခဲ့ကြပြီး ဒီနေ့ပြုလုပ်တဲ့ ဇီဝိတဒါနအလှူလေးအတွက်ကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုနေခဲ့ကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ခန့်စည်သူရဲ့ အလှူလေးကို ထပ်တူသာဓုခေါ်ဆိုတိုင်အောင်မျှဝေပေးလိုက်ပါတယ်နော်။

Chilli – CeleGabar
Source – Kyaw Soe Win

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x