ရွှေမန်းသားလေးဖိုးချစ်ရဲ့ဇာတ်သဘင်ကတော့ ဇာတ်သဘင်လောကမှာ ထိပ်တန်းနေရာရထားတဲ့ဇာတ်သဘင်တစ်ခုပါ။ ငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် မြန်မာ့ယဉ်ကျေးမှုကို အစဉ်တစိုက်လေ့လာအားထုတ်နေမှုနဲ့ ဦးဆောင်နိုင်စွမ်းရှိမှုတို့ကြောင့် ဖိုးချစ်ရဲ့ဇာတ် ဆိုရင် မကြိုက်တဲ့သူမရှိလောက်အောင် အောင်မြင်မှုရရှိနေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း မြန်မာနိုင်ငံသဘင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ်ဆောင်ရွက်နေသလို ဒုက္ခရောက်နေသူတွေအတွက် စဉ်းစားပြီး အစီစဉ်တချို့လုပ်ဆောင်နေသူပါ။ ကိုဗစ်ကာစတင်ကတည်းက ပိုသူလှူ လိုသူကူ အစီအစဉ်ကို ဦးဆောင်ကာ ဒုက္ခရောက်နေသူတွေကို ကူညီနေသလို မကြာသေးခင်က ဖားကန့်မြေပြိုမှုမှာလည်း မြေပြိုမှုကြောင့် နစ်နာသူတွေကို အွန်လိုင်းဈေးရောင်းကာ တစ်တပ်တစ်အားကူညီနိုင်ဖို့ ကြိုးစားနေသူပါ။
ဒီနေ့မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် ပွဲငတ်နေတဲ့ပရိသတ်တွေ၊ စိတ်ဒုက္ခရောက်နေရတဲ့ပရိသတ်တွေအတွက် ဖိုးချစ်ရဲ့ နှစ်ပါးသွားအကအလှ နဲ့ဖျော်ဖြေရေးတွေကို ဖေ့ဘွတ်ပေ့ချ်ကနေတဆင့် တိုက်ရိုက်ထုတ်လွှင့်ဖျော်ဖြေသွားမှာဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။ ” မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ဇာတ်အလှသဘင်” ပေ့ချ် မှ 14-8-2020(သို့မဟုတ်)15-8-2020 မှာ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာပါတဲ့ ပရိသတ်ကြီးရေ… ဖိုးချစ်ရဲ့ချစ်ပရိသတ်ကြီးရေ ပေ့ချ်လေးကို LIKE လုပ်ပြီး စောင့်ကြည့်ကြဖို့ မမေ့ပါနဲ့ဦးနော်။
Source – Phoe Chit
Rainbow- Cele Gabar