မေလသံစဉ်ကတော့ ဆိုကရေးတီးကနေတဆင့် အနုပညာလောကထဲရောက်ရှိလာသူလေးဖြစ်ပြီး အရွယ်နဲ့မလိုက်အောင် အဆိုပညာ ပါရမီပါလွန်းသူလေးဖြစ်ပါတယ် ။ သူ့ရဲ့မြန်မာသံစဉ်တေးသီချင်းလေးတွေကလည်း ပရိသတ်တွေကြားမှာအတော်လေး ရေပန်းစားနေတာပါ ။
မေလသံစဉ်နဲ့ တရားတောင်း အစီစဉ်လေးတွေကနေတဆင့် ချိုသာပြီးအေးမြတဲ့ အသံလေးနဲ့ နားဆင်သူတိုင်း ရင်အေးသွားစေတဲ့အသံပိုင်ရှင်လေး ခင်ပိုးပန်ချီတို့က တော့ သူငယ်ချင်းတွေဆိုတာ ပရိသတ်တွေလည်း သိပြီးဖြစ်မှာပါနော် ။ လတ်တလောမှာတော့ ချစ်ရတဲ့ သူငယ်ချင်း မေလ ရေးပေးထားတဲ့သီချင်းလေး မကြာမှီ မျှော် ဆိုတဲ့ စာသားလေးနဲ့အတူ ခင်ပိုးပန်းချီက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မကြာခင် ထွက်ရှိတော့မယ့် သီချင်းသစ်လေးအကြောင်းကို ပရိသတ်တွေကို အသိပေးလာခဲ့တာဖြစ်ပါတယ် ။
သီချင်းနာမည်လေးက -(ရှင်ကွဲ ) လို့အမည်ရပြီး အသည်းကွဲသီချင်းလေး တစ်ပုဒ်ဖြစ်ဟန်တူပါတယ် ပရိသတ်ကြီးရေ ..။ ငယ်ငယ်ရွယ်ရွယ်နဲ့ အဆိုပညာမှာထူးချွန်ကြတဲ့ ဆယ်ကျော်သက် လေးနှစ်ယောက်ဖန်တီးထားတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေကြီးလည်း နားဆင်ချင်နေကြပြီထင်ပါတယ်နော် ။
Source : Khin Poe Panche
Emily (Cele Gabar)