ပရိသတ်ကြီးရေ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ တေးသံရှင် ဘန်နီဖြိုးကတော့ သူ့ရဲ့ အောင်မြင်တဲ့သီချင်းတွေထဲကမှ လူကြိုက်များတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ချစ်ခွင့်မရှိဆိုတဲ့ တေးသီချင်းလေးကို Youtube ကနေတဆင့် ပရိသတ်တွေကို ထပ်မံမျှဝေပေးလာခဲ့ပါတယ် ။
ပိုင်ရှင်ရှိပြီးသားသူကိုဖြစ်စေ ကိုယ်နဲ့အခြေအနေအလှမ်းဝေးကွာလွန်းတဲ့သူကိုဖြစ်စေ တစ်ဖက်သတ်ချစ်မိသွားတဲ့သူတွေဟာ မစခင်တည်းက အဆုံးသတ်ကိုသိနေတဲ့ဇာတ်လမ်းတစ်ပုဒ်ကိုဖတ်နေရသလိုပါပဲ … Happy Ending မဟုတ်မှန်းလည်းသိရက်နဲ့ပေါ့ …ဆိုတဲ့ စာသားလေးနဲ့အတူ ဒီတစ်ပတ် Thursday မှာတော့ ဘန်နီရဲ့ “ချစ်ခွင့်မရှိ” ဆိုတဲ့သီချင်းကို ပရိသတ်တွေအတွက်ရွေးချယ်ပြီး မျှဝေပေးခဲ့တာဖြစ်ပါတယ် ။
တကယ်တော့ ချစ်ခွင့်မရှိတာမဟုတ်ပါဘူး … ချစ်ခွင့်ကတော့ရှိပါတယ် … ကိုယ့်ကိုပြန်ချစ်ဖို့မဖြစ်နိုင်တာလေးကလွဲရင်ပေါ့ ဆိုတဲ့စာသားလေးနဲ့လည်း ဒီသီချင်းကိုနားထောင်ရင်း ခံစားချက်ချင်းတိုက်ဆိုင်တဲ့ပရိသတ်တွေ ထိရှသွားအောင် ရေးသားထားပါသေးတယ် ။
Source : Bunny Phyoe
Emily (Cele Gabar)