အနုပညာလောကမှာ အမာခံပရိသတ်တွေနဲ့ အောင်မြင်မှုတွေများစွာရရှိထားတဲ့ မင်းသမီး မယ်လိုဒီကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား မင်းသမီးတစ်ဦးပါ။ သရုပ်ဆောင်ကောင်းပြီး ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးစားခဲ့တာကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုအားပေးခံရသူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာလျက်ရှိပေမယ့် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူလေးမို့ ပရိသတ်တွေက ချစ်နေဆဲပါ။
ပရိသတ်တွေရဲ့ အချစ်ခံရသူလေးဖြစ်တဲ့ မင်းသမီး မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ် လေးကတော့ ခုဆို လူတတ်လေးဖြစ်နေပါပြီ။ ချစ်စရာကောင်းပြီး ငယ်ငယ်လေးနဲ့ မိဘအပေါ်သိတတ်ပြီး လူကြီးတွေကို ရိုသေလေးစားတတ်တဲ့ ပုံစံလေးတွေကြောင့်ပရိသတ်တွေက အချစ်ပိုနေရပြီ မေမေ မယ်လိုဒီကတော့ မိခင်ကောင်းတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ချီးကျူးခြင်းကို ခံနေရသူတစ်ယောက်ပါ။ ကြည့်လိုက်ရင် အပူအပင်ကင်းစွာနဲ့ အမြဲပျော်ရွှင်စရာကောင်းနေတဲ့ မိသားစုလေးမို့ ပရိသတ်တွေအားကျရလောက်တဲ့ ပါတယ်။
မေမေ မယ်လိုဒီက ချစ်စရာကောင်းလွန်းတဲ့ သားလေး သိဒ္ဓိစစ်ရဲ့ အမူအယာလေးတွေကို ပရိသတ်တွေအတွက် အမြဲတင်ပေးလေ့ရှိပြီး အခုတခါမှာလည်း ချစ်စရာကောင်းတဲ့ သားလေး သိဒ္ဓိစစ်က မေမေ မယ်လိုဒီကို ကိုယ်တိုင်သွေးပေါင်ချိန်ပြီး ဂရုစိုက်နေတဲ့ ဗီဒီယိုလေးကို မြင်တွေ့ရမှာပါ။ ဘာမှမသိသေးတဲ့ အရွယ်မှာတောင် မေမေ့ကို အရမ်းဂရုစိုက်ပြီး ချစ်တတ်တဲ့ သားလေး သိဒ္ဓိစစ်ကြောင့် မေမေ မယ်လိုဒီတစ်ယောက်ကို အရမ်းကို ပျော်ရွှင်နေမှာပါ။CeleZone ပရိသတ်တွေအတွက်လည်း ချစ်စရာကောင်းပြီး ဖြူစင်လွန်းတဲ့ သိဒ္ဓိစစ်လေးရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး အပြုံးပန်းတွေ ဆင်မြန်းနိုင်ပါစေနော်။