ရိုက်ကွင်းပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပရိသတ်ကို စိတ်ပူသွားစေခဲ့တဲ့ ယဥ်လက်

Posted on

အနုပညာလောကမှာ တဖြည်းဖြည်းအောင်မြင်မှုတွေရလာခဲ့တဲ့ တက်သစ်စ မင်းသမီးချောလေးတွေထဲက တစ်ဦးဖြစ်တဲ့ ယဥ်လက်ကို ပရိသတ်ကြီးသိမယ်လို့ထင်ပါတယ်။ မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ လောကကြိုးဝိုင်းရုပ်ရှင်သံဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ထားတဲ့အပြင် ချစ်စရာကောင်းပြီး အေးချမ်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေကြားမှာ ထင်ပေါ်ပြီး ချစ်စရာကောင်းသူလေးပါ။

လက်ရှိမှာဆိုရင် တက်သစ်စအနုပညာရှင်တစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ ယဥ်လက်ရဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်ကောင်းတဲ့ သူမက သိပ်မကြာတဲ့ အချိန်အတွင်းမှာပဲ ပရိသတ်တွေရဲ့ အာရုံစိုက်ခံခဲ့ရပြီး ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးအဖြစ်ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားသူတစ်‌ယောက်ဖြစ်ပါတယ်။

ယခုလည်း ပရိသတ်တွေအတွက် ရုပ်ရှင်ဇာတ်ကား အသစ်တွေမှာ ရိုက်ကူးလျက်ရှိပြီး အကောင်းဆုံးကြိုးစားနေတဲ့ ယဥ်လက်ရဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။ ရိုက်ကူးတစ်ခုမှာ တကယ့်အစစ်လို့ ထင်ရလောက်အောင် ဒဏ်ရာ ပုံစံ မိတ်ကပ်ပုံဖော်မှုကြောင့် ပရိသတ်တွေကြားမှာ စိတ်ပူစရာတောင်ဖြစ်ခဲ့ရပါသေးတယ်။ ဘယ်လောက်ပီပြင်တဲ့ မိတ်ကပ်လည်းဆိုတာတော့ အောက်က ပုံလေးတွေကိုကြည့်ပြီး ကိုယ်တိုင်ဆုံးဖြတ်လိုက်ပါတော့..