လင်မယားရန်မဖြစ်တာတစ်ခုတည်းနဲ့တင် ခင်ပွန်းနဲ့ ယူရတာ အရမ်းတန်နေပါပြီဆိုတဲ့ နန္ဒာလှိုင်

Posted on

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင်ကတော့ လက်ရှိအချိန်မှာ အများသူငါ အားကျရတဲ့ သာယာကြည်နူးဖွယ်ကောင်းလှတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် စိတ်ချမ်းသာနေရတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်အနေနဲ့ ပရိသတ်တွေအားကျနေရတဲ့ သူတစ်ယောက်ပါ။

နန္ဒာလှိုင်ကလည်း ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ခဲ့တာ ပရိသတ်တွေအားကျနေခဲ့ရသလို သူကိုယ်တိုင်လည်း အိမ်ထောင်ဖက်ရွေးချယ်မှုမှန်ကန်ခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “လင်မယားရန်မဖြစ်ပြသနာမရှာတတ်တာတခုထဲထဲနဲ့ဒီယောကျာ်းယူရတာအရမ်းတန်နေပါပြီအေ” ခင်ပွန်းဖြစ်သူ စိတ်သဘောထားကြီးပြီး ပြဿနာမရှာတတ်တာနဲ့တင် အိမ်ထောင်ပြုရတာ တန်နေပါပြီဆိုပြီး ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကလည်း အခုလို ခင်ပွန်းကောင်းကို ရရှိထားတာနဲ့ပတ်သတ်ပြီး နန္ဒာလှိုင်ရဲ့ အိမ်ထောင်ရေးကံကောင်းမှုကို အားကျမိကြောင်း မှတ်ချက်ပေးပြောဆိုနေခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေထဲမှာရော မင်းသမီးချော နန္ဒာလှိုင်လို သဘောထားကြီးတဲ့ ခင်ပွန်းကောင်းကြောင့် အိမ်ထောင်းရေးကံကောင်းတဲ့ သူတွေရှိလား။

Chilli – CeleGabar
Source – Nandar Hlaing