သမီးတွေချောရင် အမေကိုမမှီဘူးဆိုတာ သက်သေပြလိုက်တဲ့ နဝရတ်ရဲ့မေမေ

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားတဲ့မင်းသမီးတစ်လက်အနေနဲ့ ရပ်တည်ခဲ့တဲ့ နဝရတ်ကတော့ အခုဆိုရင် အနုပညာလောကနဲ့အဆက်သွယ်ပြတ်နေခဲ့ပြီလို့ ဆိုရမှာပါ။ သဘာဝကျကျသရုပ်ဆောင်တတ်တဲ့ မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တာကြောင့်လည်း အနုပညာလောကထဲကို ပြန်လာစေချင်တဲ့ အမာခံပရိသတ်တွေကတော့ ရှိနေစဲပါ။

သူကတော့ လတ်တလောမှာစီးပွားရေးပဲ ဇောက်ချလုပ်ကိုင်နေပြီး ချစ်စရာခွေးလေးတွေနဲ့အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလျက်ရှိပါတယ်။ ပရိသတ်တွေနဲ့အဆက်သွယ်ပြတ်နေတာကြာပြီဖြစ်တဲ့ နဝရတ်ကတော့ ဒီနေ့မှာ မိခင်ဖြစ်သူငယ်ရွယ်စဉ်တုန်းက ပုံရိပ်တချို့နဲ့အတူ ” မေကြီးက ပိုချောတယ်ဆိုတာ ဘယ်လိုမှငြင်းမရ” ဆိုတဲ့စာသားလေးနဲ့ မျှဝေခဲ့ပါတယ်။

သမီးတွေချောရင် အမေကိုမမှီဘူးဆိုတာ လှရက်နိုင်လွန်းတဲ့နဝရတ်ရဲ့မေမေကတော့ သက်သေပြလိုက်တာပါပဲပရိသတ်ကြီးရေ။ ဒီနေ့ခေတ်လို အလှအပအတွက်နည်းမျိုးစုံလုပ်လို့ရတာတွေမရှိသေးတဲ့ခေတ်မှာတောင် သွယ်လျလှပတဲ့ခန္ဓာကိုယ်နဲ့ အဆင့်အတန်းမှီမှီ စမတ်ကျတဲ့နဝရတ်ရဲ့မေမေကတော့ တကယ်ကိုလှနေတာ အမှန်ပါပဲမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Source – Nawaratt Ko Ko
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x