ပရိသတ်တွေရဲ့အချစ်တွေကို အကုန်သိမ်းပိုက်ထားတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင်တဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်….။ အကယ်ဒမီရွှေစင်ဆုတွေကိုလည်း သိမ်းပိုက်ရရှိထားတဲ့ ရွှေကစ်က သရုပ်ဆောင်ပိုင်းမှာ သူမတူအောင် ထိမိလွန်းတဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် အားလုံးကဝိုင်းချစ်ကြပြီး အားမပေးသူမရှိလောက်အောင် ရေပန်းစားကျော်ကြားနေသူ ဖြစ်ပါတယ်…။
ကစ်ကတော့ ရုပ်ရှင်ကားကြီးတွေကို အဓိကရိုက်ကူးနေတာ တွေ့ရပြီး ပွဲအခမ်းအနားတွေလည်း တက်ရောက်ကာ ပွဲတက် အမှတ်တရပုံရိပ်တွေကိုလည်း သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်…။လတ်တလောမှာတော့ ကြွေရုပ်လေးလားထင်မှတ်ရလောက်အောင် ပီးပြည့်စုံတဲ့ အလှတရားတွေနဲ့ ညို့ယူဖမ်းစားလိုက်ပြန်တဲ့ ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်….။
