ဆွဲဆောင်မှုရှိရှိ ဟန်ပန်အမူအရာလေးနဲ့ မြင်သူတိုင်းအားကျရတဲ့ ခန္ဓာကိုယ်လေးပိုင်ဆိုင်ထားတဲ့ ပက်ထရစ်ရှာ ကို သိကြမယ်ထင်ပါတယ်နော်။ သူမဟာဆိုရင် အနုပညာလောကထဲကို မော်ဒယ်အဖြစ်နဲ့ဝင်ရောက်လာကာ နောက်ပိုင်းမှာတော့ကြော်ငြာတွေနဲ့ သီချင်းဗီဒီယို တွေရိုက်ကူးရသည်ထိအောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။sexy ကျကျနဲ့ လန်းလွန်းတဲ့သူမရဲ့ အလန်းစားပုံလေးတွေကလည်း ပရိသတ်တွေကြားမှာရေပန်းစားလူကြိုက်များတာတွေ့ရပါတယ်။
ပက်ထရစ်ရှာကတော့ မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ အရည်းချင်းနဲ့ပြည့်စုံတဲ့အလှတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တာကြောင့် မိန်းကလေးအများစု အားကျနှစ်သက်နေရတာလည်းဖြစ်ပါတယ်။သူမကတော့ ခရီးတွေတောက်လျှောက်ထွက်နေတာဖြစ်ပြီးခရီးသွားအမှတ်တရပုံလေးတွေကိုလည်းဖေ့ဘွတ်ပေါ်မှာဖော်ပြထားတာတွေ့ရပါတယ်။အခုလည်း နေကြာပန်းခင်းကြီးထဲမှာ ပျော်ရွှင်စွာဆော့ကစားနေတဲ့ ဗီဒီယိုလေး ကို ဖော်ပြထားတာတွေ့ရပါတယ်။
ဗီဒီယိုလေးထဲမှာ ဆွဲဆောင်မှုရှိရှိနဲ့ လှရက်လွန်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။သူမဟာ အမြဲလိုလို စမက်ကျကျနေတက်ပြီး ဘယ်လိုဝတ်စုံဒီဇိုင်းပဲဝတ်ဝတ် သူမရဲ့ ခန္ဓာကိုယ် အမိုက်စားလေးနဲ့ အလွန်လိုက်ဖက်နေတာလည်းတွေ့မြင်ရပါတယ်။ ပရိသတ်ကြီးလည်း ပက်ထရစ်ရှာ ရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန်ဖော်ပြပေးလိုက်ပါတယ်။