လူငယ်ပရိသတ်တွေကြွေကျဦးမယ့် မိဖူးရဲ့ ” I’m Single ” သီချင်းအသစ်လေး

Posted on

” ကြွေ” သီချင်းနဲ့ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ မိဖူးကိုတော့ ပရိသတ်အားလုံးသိကြမှာပါနော်။ ” ကြွေ” သီချင်းလေးကတော့ လူငယ်တွေပါးစပ်ဖျားမှာရေပန်းစားခဲ့ရုံမက လူမှုကွန်ရက်နဲ့ Tik Tok တွေမှာ အများဆုံးတွေ့မြင်ခဲ့ရအထိ အောင်မြင်မှုရရှိခဲ့တာပါ။

ဂီတကို ဝါသနာပါရူးသွပ်တဲ့ မိဖူးကတော့ ပရိသတ်နှစ်သက်မယ့် သီချင်းတွေ ကိုယ်တိုင်ဖန်တီးရေးစပ်နေသလို ဒီနေ့မှာလည်း သီချင်းအသစ်လေးတစ်ပုဒ်ကို ထပ်မံချပြလိုက်ပြန်ပါပြီ။ “I ‘m Single ” ဆိုတဲ့သီချင်းအသစ်လေးကိုတော့ တေးရေးမင်းစည်သူက ရေးစပ်ပေးထားပြီး ရည်းစားရှိနေပြီလို့ အထင်ခံနေရသူတွေ၊ ဈေးဗန်းခင်းချင်တဲ့သူတွေအတွက် တကယ်နားထောင်သင့်တဲ့သီချင်းလေးပါပဲနော်။

မိဖူးရဲ့ပုံစံအတိုင်း ခေတ်နဲ့အညီ လိုက်ဖက်ပြီး ပါးစပ်ထဲစွဲသွားစေမယ့် သံစဉ်၊ စာသားလေးတွေနဲ့ ရေးစပ်သီဆိုထားတဲ့ ဒီသီချင်းလေးမှာတော့ ဖေ့ဘွတ်ခ်ဆယ်လီတစ်ယောက်ဖြစ်တဲ့ စိုင်းကျော်သူရ ကပါဝင်ရိုက်ကူးထားပါတယ်။ စိုင်းကျော်သူရကတော့ ယောကျာ်းလေးဖြစ်ပေမယ့် မိန်းကလေးလိုပြင်လိုက်တိုင်း ချစ်ဖို့ကောင်းပြီး မိန်းကလေးရှုံးအောင် ခြွေတတ်လွန်းသူမို့ ပရိသတ်တွေသဘောကျနေရသူပါ။ မိဖူးရဲ့ သီချင်းအသစ်လေးနဲ့ စိုင်းကျော်သူရရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Mi Phoo
Rainbow- Cele Gabar