ဦးဇင်းနောက်ဆုံးရေးသွားတဲ့ စာအုပ်နှစ်အုပ်ကို မြန်မာပြည်က ပရိသတ်တွေလက်ထဲ ထည့်ပေးသွားမယ်ဆိုတဲ့ သမီးဖြစ်သူ ခင်ခင်ခ

တချိန်တုန်းက မြန်မာနိုင်ငံမှာ သျှမ်းသျှမ်းတောက်အောင်မြင်မှုတွေနဲ့ သိမ်းပိုက်ခဲ့တဲ့ သဘာမင်းသားကြီးဦးကျော်ဟိန်းကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ဦးဇင်းကိတ္ထိသာရအနေနဲ့ ပျံလွန်တော်မူခဲ့ပြီ ဖြစ်ပါတယ်။ ဦးဇင်းမရှိတော့ခြင်းက မိသားစုဝင်တွေအတွက်သာမက ပရိသတ်တွေအတွက်ပါ တသသဖြစ်စေခဲ့သလို ဦးဇင်း မင်းသားဘဝက အနုပညာလက်ရာတွေကိုလည်း လူမှုကွန်ရက်မှာ မျှဝေရင်း ဖြေမဆည်နိုင်ဖြစ်ခဲ့ကြပါတယ်။

ဒီနေ့မှာတော့ ဦးဇင်းကိတ္ထိသာရ ရဲ့သမီးဖြစ်သူ ခင်ခင်ခကနေပြီးတော့ မြန်မာပြည်က ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခုကို မျှဝေခဲ့ပါတယ်။ ” အားလုံး အားလုံး အဖေ ဦးဇင်းအတွက် ဝိုင်းပြီး ဆုတောင်း သာဓုခေါ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီစာရေးတာတော်တော်တော့ နောက်ကျနေတယ်။ ဘယ်လိုမှပြောပြလို့ မရတဲ့ ခံစားမှုတွေ ရင်ထဲ ခေါင်းထဲ ပြည့်လွန်းလို့ လျှံထွက်နေတယ်။ လောကရဲ့ အမှန်တရားအစစ်တွေကို ခုမှ လက်တွေ့ ခံစားဖူးတာပါ။ ဦးဇင်းပြောနေကြ စကားအတိုင်းပါပဲ ဘယ်ဟာမှအကြာကြီး မဟုတ်ပါဘူး။ ဦးဇင်းရဲ့ အလုပ်တွေ ခင်ခ ဆက်လုပ်နေပါတယ်။ COVID ကြီးအေးအေးဆေးဆေး ဖြစ်သွားရင် ခင်ခ ကိုယ်တိုင် ပြန်လာပြီး ဦးဇင်းနောက်ဆုံးရေးခဲ့တဲ့ စာအုပ် (၂) အုပ်ကို ကိုChan Myae Win နဲ့ ထုတ်လုပ်ဖို့ရှိပါတယ်။ စာအုပ် နာမည်တွေက ‘အဖြေ’ နဲ့ ‘ ကျော်ဟိန်း အတ္ထုပ္ပတ္တိ’ ပါ” ဆိုပြီးရေးသားခဲ့ပါတယ်။

ဦးဇင်းကိတ္ထိသာရကတော့ မင်းသားဘဝတုန်းကလည်း အနုပညာနယ်ပယ်စုံမှာ ကျင်လည်ခဲ့သလို ဦးဇင်းဘဝမှာလည်း စာအုပ်တွေရေးခဲ့ရုံမက သူ့ဘဝရဲ့နောက်ဆုံးအချိန်တွေမှာပါ စာတွေရေးရင်း ဖြတ်သန်းခဲ့သူပါ။ ကိုဗစ်ကပ်ရောဂါငြိမ်သက်သွားရင်တော့ ဦးဇင်းရဲ့နောက်ဆုံးအချိန်တွေမှာရေးသားခဲ့တဲ့ စာအုပ်နှစ်အုပ်ကို ပရိသတ်တွေ ထိတွေ့ခွင့်ရမှာဖြစ်ပြီး ဦးဇင်းဟောခဲ့တဲ့ တရားတွေ နဲ့ စာတွေကိုလည်း U Keikti Thara pageကနေ တင်ပေးသွားမယ် ဆိုတဲ့အကြောင်း သမီးဖြစ်သူ ခင်ခင်ခ ကမျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…


Source – Khin K Kha
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x