“ဂဠုန်ဦးစော” နေရာမှာ သရုပ်ဆောင်ဖို့ သရုပ်ဆောင်သစ်ခေါ်ယူနေတဲ့ အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီး

Posted on

ပရိသတ်တွေရဲ့ အာရုံစိုက်မှု များစွာရှိနေတဲ့ အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးကတော့ ဝါရင့်သရုပ်ဆောင်လည်းဖြစ် ဒါရိုက်တာတစ်ဦးလည်းဖြစ်တဲ့ မင်းသားကြီးလူမင်းက ဒါရိုက်တာအဖြစ် တာဝန်ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာ အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိကဇာတ်ကောင်တွေထဲက တစ်ခုဖြစ်တဲ့ “ဂဠုန်ဦးစော” ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်သစ်ခေါ်ယူနေတာလည်းဖြစ်ပါတယ်။

အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိကဇာတ်ကောင်တွေထဲက တစ်ခုဖြစ်တဲ့ “ဂဠုန်ဦးစော” ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ သရုပ်ဆောင်သစ်လိုအပ်နေတဲ့အကြောင်းကို “သရုပ်ဆောင်လည်း ဝါသနာပါမယ် အချိန်လည်း ပေးနိုင်မယ် အနီးစပ်ဆုံးလည်း ရုပ်တူမယ် ဆိုရင် ဂဠုန်ဦးစော နေရာအတွက် အမြန်ဆုံး လျှောက်ထားလိုက်ပါ။ လျှောက်လွှာတင်ရန် နောက်ဆုံးရက်စွဲမှာ (၃၀.၆.၂၀၂၀) ဖြစ်သောကြောင့် (၇) ရက်သာ လိုပါတော့တယ် !” လို့ အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးရဲ့ တရားဝင်ပေ့ချ်ကနေ ကြေညာထားပါတယ်။ ယခင်ကတော့ “ဂဠုန်ဦးစော” ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်ရန် ရွေးချယ်ထားခံရသော ဂဠုန်ဦးစော၏ မြစ်ဖြစ်သူ ဇော်ဇော်ပိုင်သည် မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒအရ ပါဝင်သရုပ်ဆောင်ရန် မဖြစ်နိုင်တော့တာကြောင့် သရုပ်ဆောင်သစ်ခေါ်ယူတာပါတဲ့။

CeleGabar ပရိသတ်ကြီးရေ အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိကဇာတ်ကောင်တွေထဲက တစ်ခုဖြစ်တဲ့ “ဂဠုန်ဦးစော” ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်သစ်ခေါ်ယူနေတာကြောင့် စိတ်ဝင်စားရင် သွားရောက်လျှောက်ထားလိုက်ဦးနော်။ ပရိသတ်ကြီးရေ လျှောက်လွှာတင်ရန် နောက်ဆုံးရက်စွဲမှာ (၃၀.၆.၂၀၂၀) ဖြစ်သောကြောင့် (၆) ရက်သာ လိုပါတော့တယ်နော်။

Source: အောင်ဆန်းရုပ်ရှင်
DarDar-CeleGabar