မြန်မာနိုင်ငံရဲ့ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ သီချင်းဆိုပြိုင်ပွဲအစီအစဉ်တစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါကတော့ ကျင်းပလာခဲ့တာ Season-4 အထိရောက်ခဲ့ပြီဖြစ်ပြီး ပရိသတ်အားပေးတဲ့အဆိုတော်ပေါင်းများစွာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။
Season-4 က ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ လီဆူတိုင်းရင်းသူလေးနော်စေးစေးထူးကိုတော့ ပရိသတ်တွေအားလုံးချစ်ကြမှာပါနော်။ အဖွဲ့ထဲမှာ ရယ်စရာအပြောဆုံးသူတစ်ယောက်ဖြစ်တဲ့အပြင် မကြာခဏဆိုသလိုလည်း အဖွဲ့ဝင်တွေကို စနောက်ပြီး လူမှုကွန်ရက်မှာ မျှဝေလေ့ရှိသူပါ။ ဒီတစ်ခေါက်မှာ ဆေးထိုးခံလိုက်ရသူကတော့ တန်တန်လို့ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ တန်ခွန်ကျော်ပဲဖြစ်ပါတယ်။
“ကျွန်မရဲ့phမှာသူ့စိတ်ကြိုက်ရိုက်ချင်သလိုရိုက်သွားသောသူ… တန်တန်ရဲ့အလှဆုံးပုံရွေးနိုင်တဲ့သူများကို ဆုကြီးကြီးချပါမည်” ဆိုတဲ့စာသားနဲ့အတူ တန်တန်ရဲ့ ပုံရိပ်တချို့ကို မျှဝေခဲ့ပါတယ်။ စေးစေးရဲ့ဖုန်းနဲ့မှ ဓာတ်ပုံသွားရိုက်မိတဲ့ တန်ခွန်ကျော်ကတော့ တကယ်ကိုကံဆိုးတာပါပဲနော်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ တန်ခွန်ကျော်ရဲ့ အလှဆုံးပုံကို ကူပြီး ရွေးပေးလိုက်ကြပါဦး။
Source – Naw Say Say Htoo
Rainbow- Cele Gabar