ပရိသတ်တွေမျှော်လင့်စောင့်စားနေတဲ့ တန်ခွန်ကျော်ရဲ့ “ခံနိုင်ရည်မရှိတော့” သီချင်း ဗီဒီယိုလေး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်တန်ခွန်ကျော်ရဲ့ ပထမဆုံး သီချင်းလေးဖြစ်တဲ့ “ခံနိုင်ရည်မရှိတော့” ဆိုတဲ့ သီချင်းလေးကို ပရိသတ်တွေနားဆင်ပြီးကြမယ်ထင်ပါတယ်။မနေ့က ဇူလိုင်လ (၃၁)ရက်နေ့ ညနေပိုင်းမှာတော့ တန်ခွန်ကျော်ရဲ့ “ခံနိုင်ရည်မရှိတော့” သီချင်းလေး ရဲ့ Music Video လေးထွက်ရှိလာခဲ့ပါတယ်။

သီချင်းလေးထဲမှာတော့ တန်ခွန်ကျော်နဲ့ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး သံသာမိုးသိမ့်တို့က အတွဲညီညီနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သီချင်းလေးကတော့ ထွက်ရှိလာကတည်းက ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ခဲ့တဲ့ အဆွေးသီချင်းအေးအေးလေးပဲဖြစ်ပြီး MV လေး ထွက်ရှိလာချိန်မှာတော့ တန်ခွန်ကျော်နဲ့ သံသာမိုးသိမ့်တို့ရဲ့သရုပ်ဆောင်မှုတွေက ပိုလိုတောင် ခံစားချက်တွေပြင်းထန်စေမှာတော့ အမှန်ပါ။

CeleGabar ပရိသတ်ကြီးတွေရော တန်ခွန်ကျော်ရဲ့ “ခံနိုင်ရည်မရှိတော့ ” သီချင်းလေးကို နားထောင်ပြီးကြပြီလား။ လောလောလတ်လတ် ထွက်ရှိထားတဲ့ Music Video လေးကိုရော ကြည့်ရှုခံစားပြီးကြပြီလား။ မကြည့်ရသေးတဲ့ ပရိသတ်တွေ ကြည့်ရှုလို့ရအောင် CeleGabar ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleGabar
Source – TAN KHUN KYAW

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x