တောင်ပေါ်မြို့လေးမှာ မိသားစုနဲ့ အတူ အပန်းဖြေခရီးထွက်အနားယူနေတဲ့ ဝါဝါဝင်းရွှေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ လတ်တလောမှာ ချစ်ရတဲ့ မြေးမလေးတွေ မိသားစုတွေနဲ့ အတူတူ တောင်ပေါ်ဒေသကို ခရီးထွက်နေခဲ့ပါတယ်။ ဝါဝါဝင်းရွှေကတော့ သူ့ရဲ့ ချစ်ရတဲ့ ပရိသတ်တွေအတွက် ကလောမြို့ကိုရောက်ရှိနေကြောင်း ကလောမြို့မှာရိုက်ကူးထားတဲ့ ပုံလေးတွေနဲ့အတူ

“အေးမြတဲ့လေကို ဝအောင်ရူရင်း တောင်ပေါ်မြို့လေးမှာ မိသားစုနဲ့အပမ်းဖြေနေပါတယ်။ ခရီးထွက်တာအင်မတန်ကြိုက်တဲ့ ဒယ်ဒီကိုတော့ ရင်ထဲကဖျောက်မရသလို ချစ်ပရိတ်သတ်ကြီး နဲ့ We Love များကိုလည်းသတိရနေပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ခရီးထွက်နေပေမဲ့ ပရိသတ်တွေကိုလည်း သတိတရရှိနေကြောင်း ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးတွေထဲက ဝါဝါဝင်းရွှေရဲ့ ပရိသတ်တွေအတွက ်ဝါဝါဝင်းရွှေရဲ့ ကလောမြို့မှာ ရိုက်ကူးထားတဲ့ အလှပုံလေးတွေကို CeleGabar ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေရော အခုလို ခရီးတွေပြန်လည်ထွက်ရှိလို့ရချိန်မှာ ဘယ်တွေကို ခရီးထွက်ဖို့ြပ်ငနေကြပြီလဲ။

Chilli – CeleGabar
Source – Wah Wah Win Shwe

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x