ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် လင်းလင်းက သူနှစ်သက်အားပေးရတဲ့ ကမ္ဘာကျော်ဘောလုံးသမား မက်စီရဲ့ ဒီနေ့ ဇွန်လ (၂၄)ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးအတွက် မွေနေ့ဆုတောင်းပေးထားပါတယ်။ “Happy birthday MesSi ဟုတ်ပ စံချိန်တွေဆိုတာ ပျော်မွေ့ဖို့မဟုတ် ၊ ချိုးဖျက်ဖို့ , ကျော်လွှားဖို့ ဒင်ဟို ရဲ့ ဖန်တီးမှုကနေသွင်းတဲ့ ပထမဆုံးဂိုးဟာ မနေ့တစ်နေ့ကလိုပါဘဲ၊
ဘာစီလိုနာရဲ့ နိုင်ခြင်း၊ရှုံးခြင်း ကို ခံစားမှုသိပ်မရှိ သို့သော် ဘောလုံး ပိုင်ဆိုင်မှုရာခိုင်နှုန်း 50% အောက်ရောက်ပြီဆိုရင်တော့ တန်းဆင်းသွားတာထက် ပိုဒေါသထွက်လေ့ရှိတဲ့ကျွန်တော် ရလဒ် ထက် ရသ ကိုသာဇောင်းတင်တဲ့ ကိုယ့်အကျင့်ကြောင့် ဝက်စ်ဟမ်း၊ အာဆင်နယ် ကနေ ဘာစီလိုနာ ကမ်းမှာ တစ်သက်တာ ကျောက်ချမိတော့တာပါဘဲ။ ကျွန်တော့်အနေနဲ့ မက်ဆီပါတဲ့ ဘောလုံးပွဲတစ်ပွဲဟာ လူ့ဘဝတစ်ခုကိုကြည့်နေရသလိုပါဘဲ။ တစ်ဖက်အသင်းက သူ့ကို စည်းထဲကရော၊ စည်းအပြင်ကရော နည်းပေါင်းစုံနဲ့ တားဆီးဖို့ပြင်ဆင်ကြတယ်။ အဲဒါကလဲ သူတို့အလုပ် ကျော်လွှားဖို့ကသာ မက်ဆီအလုပ် ဒီလိုဘဲ ကျနော်တို့ဟာ တစ်ဖက်ရဲ့ စည်းတွင်းစည်းပြင် ရိုးသားစွာ ယုတ်မာမှု နဲ့ ညစ်ပတ်စွာ ကောက်ကျစ်မှုတွေကို ဘဝမှာ ကျော်လွှားနေရတာဘဲ မဟုတ်လား။ မက်ဆီကိုမကြိုက်တဲ့လူကလဲ ကိုယ်ကြိုက်တဲ့ ကစားသမားထည့်ပေါ့။
ကိုယ့်ကိုယ်ကို ထည့်တွေးလဲ ရတာဘဲ ဂိုးပေါင်း ၇၀၀ ဝန်းကျင်ကနေ ဆက်လက်ပြီးဂိုးတွေသွင်းနိုင်ပါစေလို့ ဆု မတောင်းပေးချင်ဘူး။ အမြဲတမ်း ဒဏ်ရာကင်းစင် ပါစေလို့ဘဲ ဆုတောင်းပေးပါတယ်။”ဆိုပြီး မွေးနေ့ဆုတေင်းလေးနဲ့ အတူ မက်စီပါတဲ့ ဘောလုံးပွဲကို ကြည့်ရတဲ့ သူ့ရဲ့ခံစားချက်တွေကိုပါ ပြောပြထားပါသေးတယ်။ Celegabar ပရိသတ်ကြီးတွေထဲမှာရော ဘောလုံးသမားမက်စီရဲ့ ပရိသတ်တွေရှိလား။
Chilli – CeleGabar
Source – Htwe Lynn Ko