ချစ်ရတဲ့ Tango လေးတွေနဲ့အတူ (၁၀)ကြိမ်မြောက် အလှူဒါနလုပ်ခဲ့တဲ့ တန်ခွန်ကျော်

မြန်မာအိုင်ဒေါ Season-4 ရဲ့ ဆန်ခါတင်ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ နာဂတိုင်းရင်းသားလေးတန်ခွန်ကျော်ကတော့ ပရိသတ်ချစ်ခြင်းမေတ္တာအပြည့်အဝရရှိထားသူတစ်ယောက်ပါ။ ပြိုင်ပွဲဝင်တစ်ယောက်သာရတဲ့ Wildcard Winner ဆုရှင်တစ်ယောက်ဖြစ်သလို ပရိသတ်တွေဆီက ချစ်ခြင်းမေတ္တာအနေနဲ့ ပေးထားတဲ့ (၃၈၅) သိန်းတန် ကားတစ်စီးလည်း လက်ဆောင်ရရှိထားသူပါ။

တန်ခွန်ကျော်ကတော့ သူကိုယ်တိုင်လည်း ချစ်ရတဲ့ပရိသတ်တွေနဲ့ ပြိုင်ပွဲပြီးကတည်းက အဆက်သွယ်မပြတ်ရှိနေသလို လစဉ်လတိုင်းလည်း Tango လေးတွေနဲ့ အလှူတွေပြုလုပ်နေပါတယ်။ ပြိုင်ပွဲပြီးကတည်းက အလှူတွေဆက်တိုက်ပြုလုပ်လာခဲ့တာ ဒီနေ့အလှူလေးနဲ့ဆို (၁၀) ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ (၁၀)ကြိမ်မြောက်အလှူအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊ သရက်ကုန်းကျေးရွာ ရှိ ဗေသေသဒ မိဘမဲ့ဂေဟာမှာ ဆန် အိတ်(၅၀)၊စားသုံးဆီ (၁၀)ပိဿာ (၁၅)ပုံး၊ကြက်သွန် နီ(၂)အိတ်၊ကြက်သွန်အဖြူ(၁)အိတ်၊ အာလူး (၁)အိတ်၊ အချိုမုန့်အထုပ်ကြီး (၅)ထုပ်တို့ကို လှူဒါန်းပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ..

အမာခံပရိသတ်လေးတွေဖြစ်တဲ့ Tango လေးတွေနဲ့ (၁၀)ကြိမ်မြောက်အလှူလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့တဲ့အပြင် ” Congratulations နောက်ထပ်အကြိမ်ပေါင်းများစွာအတွက် ဆက်လက်ရင်ခုန်နေပါတယ်ဗျ” ဆိုပြီးတော့လည်း ဝမ်းသာဂုဏ်ယူစွာရေးသားခဲ့ပါတယ်။ ချစ်ရတဲ့ Tango လေးတွေနဲ့အတူ လတိုင်း အလှူတွေပြုလုပ်ဖို့ ကြိုးစားရင်း (၁၀) ကြိမ်မြောက်အထိ လှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်တဲ့ တန်တန်တို့အဖွဲ့ရဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ပါဦးနော်။


Source – Tan Khun Kyaw
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x