မင်းသားချောအလင်းရောင်ကတော့ ပရိသတ်အားပေးမှုရရှိထားတဲ့မင်းသားတွေထဲကတစ်ယောက်လည်း ဖြစ်ပါတယ်။ အလင်းရောင်ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ကောင်းမွန်သလိုအဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတာပါ။
အလင်းရောင်ကတော့ ပရိသတ်တွေကို သူ့ရဲ့လှုပ်ရှားမှုတွေမကြာခဏဆိုသလို မျှဝေပေးလေ့ရှိသလို ဒီနေ့မှာလည်း “Light’s Diary ကနေ ပထမဦးဆုံးအနေနဲ့ ကျွန်တော်နေ့စဉ်ဖြတ်သန်းဖြစ်တဲ့ တစ်နေ့တာပုံရိပ်လေးတွေကို တင်ဆက်လိုက်ပါတယ်…..နောက်ထပ် အသစ်အသစ်သော ဖန်တီးမှုများစွာနဲ့ ဒီ Light’s Diary လေးကို ဆက်လက်ပုံဖော်သွားနိုင်ဖို့ ချစ်ပရိသတ်များနဲ့ Lighter လေးများအားလုံးကလည်း ဝန်းရံအားပေးကြပါအုန်းနော်…..” ဆိုပြီးတော့ မျှဝေထားပါသေးတယ်။
ဒီဗီဒီယိုလေးမှာတော့ အလင်းရောင်တစ်ယောက်အနုပညာအလုပ်တွေကို မနားတမ်းကြိုးစားနေတယ်ဆိုတာကိုလည်း ပရိသတ်တွေမြင်တွေ့ရမှာပါ။ အလင်းရောင်ကတော့ ပရိသတ်တွေနဲ့အဆက်မပြတ်အောင် ဖေ့ဘွတ်ခ်ကနေပြီးမျှဝေလေ့ရှိသလို အနုပညာအလုပ်တွေလည်း မပြတ်လုပ်ကိုင်နေသူတစ်ယောက်ပါ။ အခုလည်း သူ့ရဲ့တစ်နေ့တာလေးကို ပရိသတ်တွေသိရအောင် ပြန်လည်မျှဝေလိုက်ပါတယ်နော်…
Source : ALINNYAUNG