အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်လျှမ်းလျှမ်းတောက်အောင်မြင်နေသလို သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူပါ။ အခုဆိုရင် သားသားမီးမီးတွေရဲ့မိခင်တစ်ယောက်အဖြစ်လည်းတာဝန်ကျေသလို အပျိုရှုံးအောင်လှတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အများကအားကျတဲ့ဘဝကိုလည်းပိုင်ဆိုင်ထားသူပါ။
အိန္ဒြာကျော်ဇင်ကတော့ ဒီနေ့လိုအဖေများနေ့မှာ ဖခင်ဖြစ်သူကို သတိတရနဲ့ဂုဏ်ပြုခဲ့ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာတော့ “ကျွန်မ၏ တန်ဖိုးမဖြတ်နိုင်သော ဖေဖေ နှင့် ကျွန်မ၏ တန်ဖိုးရှိသော ခင်ပွန်း တို့အတွက် ဂုဏ်ပြုပါသည်…အဖေရှိသောသူတိုင်းကို အားကျပါ၏… “Happy Father’s Day”အဖေများအားလုံးကို လေးစားလျှက်…..” ဆိုပြီးတော့ ဓာတ်ပုံနှင့်တကွရေးသားဂုဏ်ပြုခဲ့တာပါ။
ဒါ့အပြင်သားသားမီးမီးတို့ရဲ့ဖခင်ဖြစ်တဲ့ ခင်ပွန်းကိုလည်း မေ့မထားဘဲနဲ့ဂုဏ်ပြုခဲ့ပါသေးတယ်နော်။ ဖခင်ဖြစ်သူကိုသာမက ခင်ပွန်းကိုပါဂုဏ်ပြုခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ဂုဏ်ပြုစကားတွေကတော့ အခြားသူတွေကိုလည်း ကြည်နူးမှုကူးစက်စေမှာအမှန်ပါပဲနော်…
Source : EaindraKyawZin