သန်လျင်မှာလှူဒါန်းဖြစ်ခဲ့တဲ့ မိသားစုအလှူလေးကိုမျှဝေလာတဲ့ ပိုးကြာဖြူခင်

ရုပ်သံဇာတ်လမ်းတွဲမင်းသမီးချောလေးပိုးကြာဖြူခင်ကိုတော့ ပရိသတ်တွေက ဆိုင်းမိုင်လေးဆိုပြီးတော့လည်း ချစ်စနိုးခေါ်ကြပါတယ်။ မြန်မာဆန်ဆန်အလှလေးကို ပိုင်ဆိုင်ထားတဲ့မင်းသမီးလေးကတော့ ဘာသာရေးကိုကိုင်းရှိုင်းတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။


ဆိုင်းမိုင်ကတော့ အလှူဒါနတွေတစ်ခုပြီးတစ်ခုပြုလုပ်နေတာပါ။ မကြာသေးခင်က မဟာမြိုင်တောရကိုသွားရောက်တရားအားထုတ်ခဲ့သလို သန်လျှင်မှာရှိတဲ့ မယ်သီလရှင်ကျောင်းဆောက်လုပ်လှူဒါန်းရာမှာလည်း လှူခဲ့ပါသေးတယ်။ အခုလည်း နောက်ထပ်အလှူလေးအကြောင်းကို “သန်လျင် နယ်လှည့် သစ္စာဓိဌာန် စတုဒီသာ နတ်စင်တစ်ရာ ဆရာတော်ကြီးရဲ့ ကျောင်းမှာ ဝါတွင်း ၃ လ ရက်ပေါင်း ၉၀ နေ့ညအသံမစဲ အဘိဓမ္မာ(၇) ကျမ်း ပဌာန်းဒေသနာကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကြီးအတွက် ကျမတို့ မိသားစု ပါဝင် လှူဒါန်းခဲ့ပါတယ်” ဆိုပြီး ပုံရိပ်လေးတွေနဲ့အတူ ဖေ့ဘွတ်ခ်မှာအသိပေးရေးသားထားတာပါ။


ဆိုင်းမိုင်ကတော့ အောင်မြင်နေတဲ့မင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အားပေးမှုလည်းအခိုင်အမာရရှိထားသူလေးပါ။ အခုလည်း အလှူတွေတစ်ခုပြီးတစ်ခုပြုလုပ်နေတဲ့ပိုးကြာဖြူခင်ကတော့ တကယ့်ကိုလေးစားစရာပါပဲနော်….


Source : PoeKyarPhyuKhin

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x