မြန်မာအိုင်ဒေါ Season-4 ရဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ လီဆူမလေး စေးစေးကိုတော့ ပရိသတ်တွေအားလုံး ချစ်ကြမှာပါနော်။ အမြဲ တက်ကြွပျော်ရွှင်စွာနေလေ့ရှိတဲ့အပြင် သီချင်းတိုင်းကို ခံစားသက်ဝင်မှုအားကောင်းကောင်းနဲ့ သီဆိုနိုင်သူတစ်ယောက်မို့ ပြိုင်ပွဲမှာ ပရိသတ်တွေသတိထားမိခဲ့တဲ့ သူတစ်ယောက်ပါ။
ပြိုင်ပွဲကြီးပြီးကတည်းက ပရိသတ်ကို ကိုယ်တိုင်တေးသီချင်းကောင်းတွေ ချပြဖို့ကြိုးစားနေတဲ့ စေးစေးကတော့ ဒီနေ့မှာ “အချစ်ရဲ့ဒုက္ခသည်မလေး” ဆိုတဲ့ ကိုယ်တိုင်သီဆို သရုပ်ဆောင်ထားတဲ့ Music Video လေးကို မျှဝေပေးခဲ့ပါတယ်။ ဆန်းပြားတဲ့သံစဉ်တွေနဲ့ စိတ်ခံစားမှုအမျိုးမျိုးပေးနိုင်တဲ့ စေးစေးရဲ့သီချင်းလေးကတော့ အချစ်ကြောင့် ဒုက္ခသည်လေးတွေဖြစ်သွားတဲ့ သူတွေကို ရည်ညွှန်းပြီး ဆိုထားတဲ့ချစ်စရာ သီချင်းလေးပါ။
ဒီ Music Video လေးထဲမှာတော့ ပျိုမေတို့ရဲ့အသည်းကျော်မင်းသွေးခန့် ပါဝင်သရုပ်ဆောင်ထားပြီး သီချင်းလေးကို အကောင်းဆုံးပုံဖော်ထားပါတယ်။ စေးစေးကတော့ သူ့ကိုယ်ပိုင်သီချင်းလေးနဲ့အတူ ဒီအိပ်မက်လေး အကာင်အထည်ပေါ်လာဖို့ အားပေးကြတဲ့ပရိသတ်တွေနဲ့ ကူညီပေးခဲ့ကြတဲ့သူတွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ် ပရိသတ်ကြီးရေ.. စေးစေးတစ်ယောက် ကြိုးစားအားထုတ်မှုအပြည့်နဲ့ ဖန်တီးထားတဲ့ သီချင်းအသစ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source – Naw Say Say Htoo
Rainbow- Cele Gabar