မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ ပုဂံမြို့ရောက်နော်ဖောအယ်ထား

တက်သစ်စမော်ဒယ်လ်၊မင်းသမီးချောလေးတွေထဲမှာတော့ နော်ဖောအယ်ထားဟာပရိသတ်တွေသတိထားမိရတဲ့ သူတစ်ယောက်ပါ။ ချစ်စရာကောင်းတဲ့ တိုင်းရင်းသူလေးနော်ဖောအယ်ထားကိုတော့ ပရိသတ်တွေကအမှတ်တံဆိပ်တော်တော်များများမှာ ကြော်ငြာမော်ဒယ်လ်လေးအဖြစ်နဲ့သိကြမှာပါ။


သရုပ်ဆောင်၊မော်ဒယ်လ်တစ်ယောက်ဖြစ်တာကြောင့် ” ပျောက်ဆုံးနေသောအမှန်တရား” ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေသတိထားမိခဲ့ကြပါတယ်။ နော်ဖောကတော့ ဒီရက်ပိုင်းမှာမြန်မာပြည်ကမြို့တော်တော်များများကို ခရီးထွက်နေခဲ့တာပါ။ အခုဆိုရင်တော့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကိုရောက်ရှိနေတာဖြစ်ပြီး ခရီးတွေထွက်လို့မဝနိုင်သေးပါ ဆိုပြီး ခံစားချက်ကိုရင်ဖွင့်ထားပါသေးတယ်။


နော်ဖောကတော့ မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့အတူ ပုဂံမြို့ကြီးကိုနောက်ခံထားတဲ့ပုံရိပ်လေးတွေကို မျှဝေထားပါသေးတယ်။ နော်ဖောကတော့ ခေတ်ဆန်ဆန်အပြင်အဆင်တွေနဲ့လည်းလှပလွန်းသလို မြန်မာဆန်ဆန်ဝတ်စုံနဲ့လည်း ကျက်သရေရှိရှိလှနေတာအမှန်ပါပဲနော်။ နော်ဖောကိုချစ်ခင်အားပေးကြတဲ့သူတွေရှိကြလား ပရိသတ်ကြီးရေ…


Source : NawPhawEhHtar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x