ပရိသတ်အချစ်တော် မေလသံစဉ်လေးကတော့ မြန်မာသံတေးသီချင်းလေးတွေ သီဆိုရင်း ပရိသတ်ရင်ထဲရောက်လာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ဆိုကရေးတီး ပြိုင်ပွဲတွေမှာလည်း ဆုတွေအများကြီး ဆွတ်ခူးခဲ့တဲ့ ပါရမီရှင်လေး ပဲဖြစ်ပါတယ် ။ ငယ်ငယ် ရွယ်ရွယ်နဲ့ အနုပညာမှာ ထူးချွန်ပြီး အားပေးတဲ့ ပရိသတ်အခိုင်အမာလည်း ရရှိထားတဲ့ သူဆိုလည်းမမှားပါဘူးနော် ။
မကြာမကြာဆိုသလို သူမသီဆိုထားတဲ့ Cover Song လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလေ့ရှိပြီး ပရိသတ်တွေကတော့ သူမရဲ့ Cover song လေးတွေကို အရမ်းကိုအားပေးခဲ့ကြတာပါ ။ လတ်တလောမှာတော့ သူမရဲ့ သီချင်းတွေကိုစောင့်မျှော်အားပေးနေကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခု ပါးလိုက်ပါပြီနော် ။ ရှေ့လထဲမှာ Music Video လေးတွေနဲ့အတူ သူမရဲ့ မေလသံစဉ် ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ် ဆိုတဲ့ သီချင်း Album လေးကို နားဆင်လို့ရတော့မှာဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာထက်ကနေ အသိပေးလာခဲ့တာပဲဖြစ်ပါတယ် ။
ဒီသီချင်းအယ်လ်ဘမ်ထဲမှာ ဖြိုးပြည့်စုံ ၊ ဇွဲပြည့် ၊ အုပ်စိုးခန့် နဲ့ နေမင်းအိမ်တို့က ပါဝင်သီဆိုထားကြတယ်လို့သိရပါတယ် ။ သူမရဲ့ ပရိသတ်တွေကတော့ အရမ်းကိုနားထောင်ချင်နေပြီဖြစ်ကြောင်းနဲ့ ထွက်မယ့်နေ့ကိုမျှော်နေမယ်ဆိုတဲ့ အားပေးဝန်းရံတဲ့ မှတ်ချက်လေးတွေရေးသားထားကြတာတွေ့ရပါတယ် ။
Source : May La Than Zin
Emily (Cele Gabar)