မင်္ဂလာသက်တမ်း(၂)လပြည့်တဲ့နေ့မှာ ကြည်နူးဖွယ်ရာစုံတွဲပုံရိပ်တွေကို ထုတ်ပြလိုက်တဲ့ အိမ့်ချစ်

Posted on

အိမ့်ချစ်ကိုတော့ သီချင်းအေးအေးလေးတွေနဲ့အတူ ပရိသတ်တွေကအချစ်ပိုရတဲ့ နာမည်ကျော်အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ မကြာသေးခင်ကာလလေးက လက်ထပ်သွားခဲ့တာဖြစ်ပြီး အိမ့်ချစ်နဲ့ Eric တို့စုံတွဲကတော့ ပရိသတ်ချစ်တဲ့အနုပညာရှင်စုံတွဲလေးလည်း ဖြစ်နေပါပြီ။


အိမ့်ချစ်တို့စုံတွဲကတော့ ဒီနေ့မှာမင်္ဂလာသက်တမ်း(၂)လပြည့်သွားတာဖြစ်ပြီး ကြည်နူးစရာပုံရိပ်လေးတွေကိုပရိသတ်တွေကိုမျှဝေပေးလာခဲ့တာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “Been 2 months that we stared our journey & many more seconds, minutes, hours, weeks, months and years…. “ဆိုပြီးတော့လည်း တင်ထားပါသေးတယ်။ အိမ့်ချစ်တို့ဇနီးမောင်နှံကတော့ လက်ထပ်ပြီးနောက်ပိုင်းမှာ အလှူအတန်းတွေကိုအတူတူပြုလုပ်ခဲ့ကြပါသေးတယ်။


မင်္ဂလာပွဲကိုတော့ (၂၀၂၁) မှာကျင်းပမယ်လို့ကြေညာထားတဲ့သူတို့စုံတွဲကတော့ Pre-Weddingဓာတ်ပုံလေးတွေကိုလည်း ပရိသတ်တွေကို မျှဝေပေးလေ့ရှိတာပါ။ ပရိသတ်တွေကတော့ လိုက်ဖက်တဲ့စုံတွဲလေးရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီး ကြည်နူးဝမ်းသာနေခဲ့တာ အမှန်ပါပဲနော်…


Source : EintChit