အသက်(၂) နှစ်ပြည့်မှာမွေးနေ့မှာ ဖိုးဖိုးရုံးအလုပ်တွေ ကူလုပ်ပေးနေတဲ့ Liam

Posted on

ဒီနေ့သြဂုတ်လ(၆)ရက်နေ့လေးကတော့ Liam လေးရဲ့ (၂) နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။ Liam လေးကတော့ ဖိုးဖိုးလွင်မိုးနဲ့ မေမေယွန်းဝတီလွင်မိုးတို့လိုပဲ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ကလေးလေးပါ။

ဒီနေ့ (၂) နှစ်ပြည့်မွေးနေ့မှာတော့ အဖိုးဖြစ်သူရဲ့ ရုံးကိုလိုက်လည်နေတဲ့ Liam လေးကို ဖိုးဖိုးလွင်မိုးကတော့ ” HAPPY BIRTHDAY LIAM..နှစ်. နှစ်ပြည့်မွေးနေ့..ဖိုးဖိုးရုံး..အလုပ်ကူလုပ်နေပါပြီ” ဆိုပြီး ချစ်ရတဲ့မြေးလေးရဲ့ပုံရိပ်တချို့နဲ့အတူ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ…

Liam လေးရဲ့ဒီနေ့ (၂) နှစ်ပြည့်မွေးနေ့လေးကစပြီး ဘိုးဘိုး၊ဘွားဘွား၊ ဖေဖေ၊ မေမေတို့အပေါ်မှာ သိတတ်လိမ္မာတဲ့ကလေးလေးအဖြစ်နဲ့ ဘဝခရီးလမ်းကို အောင်မြင်မှုများစွာနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်တဲ့ လူတစ်ယောက်ဖြစ်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။


Source – Lwin Moe
Rainbow- Cele Gabar