မြင်တွေ့နေကျမဟုတ်တဲ့ပုံစံလေးနဲ့ရိုက်ကူးထားတဲ့ ဖြူဖြူထွေးရဲ့ကြော်ငြာအသစ်လေး

ဖြူဖြူထွေးကတော့ အချိန်တိုအတွင်းမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိကာ အောင်မြင်လာသူတစ်ယောက်ပါ။ ကိုဗစ်ကာလ ရိုက်ကူးရေးတွေမရှိချိန်မှာတောင် နေ့စဉ်ရက်ဆက်ဆိုသလို ကြော်ငြာတွေ ရိုက်ကူးနေရတာဖြစ်ပြီး သူ့ရဲ့ကြော်ငြာလေးတွေကိုတော့ ကြည့်ရှုသူတွေမပျင်းရအောင် အမျိုးမျိုးသောဇာတ်အိမ်လေးတွေနဲ့ တင်ဆက်ပေးနေတာကို တွေ့မြင်ရမှာပါ။

ဒီနေ့မျှဝေလိုက်တဲ့ ကြော်ငြာလေးမှာလည်း မြင်တွေ့နေကျပုံစံမဟုတ်တဲ့ ရေပေါ်အိမ်လေးမှာ လှေနဲ့သံဃာတွေကိုဆွမ်းကပ်ပုံလေးတွေ ၊ လှေလှော်တာလေးတွေကို ထည့်သွင်းရိုက်ကူးထားပြီး မောင်နှမနှစ်ယောက်ရဲ့ ချစ်စဖွယ်ဇာတ်အိမ်လေးကို ဖန်တီးထားပါတယ် ပရိသတ်ကြီးရေ… မြန်မာ့ယဉ်ကျေးမှုအငွေ့အသက်လေးတွေ ပါအောင် ထည့်သွင်းရိုက်ကူးလေ့ရှိတဲ့ ဖြူဖြူထွေးရဲ့ ဒီကြော်ငြာလေးကိုလည်း ပရိသတ်တွေသဘောကျဦးမှာ အမှန်ပါပဲနော်။

ဒါ့အပြင် ဒီတစ်ခေါက်မှာတော့ ဇာတ်ပို့ဇာတ်ရံတွေသာမက ပရိသတ်ရဲ့အချစ်တော်ဒီဇိုင်နာမျိုးမင်းစိုးလည်းဖြူဖြူထွေးရဲ့ကြော်ငြာလေးမှာ ပါဝင်အားဖြည့်ထားတာကို တွေ့မြင်ရမှာပါ။ ဖြူဖြူထွေးရဲ့ကြော်ငြာအသစ် အသစ်တွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် မြန်မာ့ယဉ်ကျေးမှုအငွေ့အသက်လေးတွေနဲ့ ရိုက်ကူးထားတဲ့ ချစ်စရာကြော်ငြာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Phyu Phyu Htwe
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x