စောင့်မျှော်နေသူတွေ မျှော်ရကျိုးနပ်စေမယ့် အက်စတာရဲ့သီချင်းအသစ်လေး ” Unseen”

Posted on

မြန်မာအိုင်ဒေါ Season-4 ရဲ့ winner ဆုရှင် အက်စတာကတော့ သီချင်းတွေကို ခံစားသက်ဝင်မှုအားကောင်းကောင်းနဲ့ သီဆိုတတ်သူတစ်ယောက်မို့ ပရိသတ်တွေရဲ့အထူးနှစ်သက်အားပေးခြင်း ရရှိခဲ့သူပါ။ winner ဆုရှင်ပီပီ ဖျော်ဖြေပွဲနဲ့ ရိုက်ကူးရေးတွေ ဆက်နေပေမယ့် သူ့ရဲ့ကိုယ်ပိုင်သီချင်းလေးကို စောင့်မျှော်နေတဲ့ ပရိသတ်ကြီးအတွက် “Unseen” လို့နာမည်ပေးထားတဲ့ သီချင်းသစ်လေးကို မျှဝေခဲ့ပါတယ်။

အက်စတာကတော့ ဒီသီချင်းဗွီဒီယိုလေးကို (၂၇.၇.၂၀၂၀) ကတည်းက ချပြဖို့စီစဉ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်ခဲ့ရရင်း မနေ့က ည (၇)နာရီအတိမှာတော့ မျှဝေပေးခဲ့တာပါ။ စောင့်မျှော်နေသူတွေ စောင့်ရကျိုးနပ်အောင် အက်စတာရဲ့ပုံစံလေးအတိုင်း “Unseen” သီချင်းလေးကို ခံစားသက်ဝင်မှုအားကောင်းကောင်းနဲ့ သီဆိုထားတာကြောင့် နားထောင်သူတွေပါ ဒီသီချင်းလေးအတိုင်း လိုက်ပါစီးမျောခံစားစေမိမှာပါ။

ဒီနေ့ခေတ်လို လူမှုကွန်ရက်ပေါ်မှာပဲ အပြန်အလှန်စကားပြောကြတဲ့ခေတ်ကြီးထဲမှာ ကိုယ်ချစ်ရသူကို ပို့ထားတဲ့စာလေး Seen မပြတဲ့အချိန် ဖြစ်ပေါ်လာတဲ့ ခံစားချက်ကိုတော့ ပရိသတ်တွေလည်း ကြုံဖူးကြမှာပါနော်။ ပုံပြောပြီးလှည့်စားနေမယ့်အစား တခါတည်း ပြတ်ပြတ်သားသား ထားသွားလိုက်ပါ ဆိုပြီးခံစားချက်အပြည့်နဲ့ သီဆိုထားတဲ့ အက်စတာရဲ့ “Unseen” သီချင်းလေးကို ပရိသတ်ကြီးနားဆင်ခံစားဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Esther DCS
Rainbow- Cele Gabar