အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားတဲ့မော်ဒယ်၊မင်းသားချော ခါရာကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကိုဖမ်းစားနိုင်သူတစ်ယောက်ပါ။ ခါရာကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေသာမက ရုပ်သံဇာတ်လမ်းတွဲတွေပါရိုက်ကူးပြီး ပရိသတ်တွေရဲ့အချစ်ကိုရရှိနေပြီဖြစ်တဲ့မင်းသားတစ်လက်ပါ။
သိပ်မကြာခင်မှာ ခါရာရဲ့ ရုပ်သံဇာတ်လမ်းတွဲအသစ်တစ်ခုလည်း ပြသတော့မှာဖြစ်ပြီး ဒီဇာတ်လမ်းတွဲနာမည်က “ရင်ခုန်သံ ၇၄ ရက်” ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးကိုတော့ ပရိသတ်တွေက Trailer စတင်ထွက်ရှိတဲ့အချိန်ကတည်းက စိတ်ဝင်စားနေတာဖြစ်ပြီး ပရိသတ်တွေမမြင်တွေ့ဖူးသေးတဲ့ ထူးခြားဆန်းကြယ်တဲ့ဇာတ်လမ်းအမျိုးအစားလေးလည်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးကိုတော့ ယခုလ (၂၄) ရက်နေ့မှာ MNTV ရုပ်သံလိုင်းကနေပြီးတော့ ထုတ်လွှင့်ပြသသွားမယ်လို့လည်း သိရပါတယ်။
ထုတ်လွှင့်မပြသခင်မှာ ပရိသတ်တွေကိုတော့ Official Trailer အပြင် နောက်ထပ်လည်း Teaser လေးတစ်ခုကိုထပ်တင်ပြီးတော့လည်း ပရိသတ်တွေရင်ခုန်အောင်လုပ်ခဲ့ပါသေးတယ်။ ဇာတ်လမ်းဇာတ်အိမ်ထူးဆန်းတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တာကြောင့် ပရိသတ်တွေကတော့ အရမ်းကိုစိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်ကြီးကိုပြန်လည်မျှဝေလိုက်ပါတယ်နော်…
https://www.facebook.com/KharRaMyanmarActorOfficial/videos/969730523500433/