အိမ်မှာနေတဲ့ ကလေးမလေးတွေကို ဖုန်းမဲဖောက်ပေးပြီး ပျော်စရာအချိန်လေးဖန်တီးခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံ

Posted on

ပရိသတ်ချစ်ရတဲ့အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ရွှေထူးနဲ့ရွှေမှုံတို့ ဇနီးမောင်နှံကတော့ ကိုယ်ယုံကြည်ရာဘဝအချစ်ခရီးလမ်းကို လျှောက်လှမ်းပြီး ပျော်ရွှင်အေးချမ်းတဲ့အိမ်ထောင်မှုဘဝလေးကို ပိုင်ဆိုင်ထားသူတွေပါ။ အိမ်ထောင်ပြုပြီးချိန်မှာတောင် အများတကာ အားကျရလောက်အောင် အချစ်တွေလတ်ဆတ်နေသေးတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

အလုပ်ရှုပ်သူတွေဖြစ်ပေမယ့် သူတို့ရဲ့တစ်နေ့တာအကြောင်းအရာလေးတွေကို လူမှုကွန်ရက်ပေါ်မှာ မျှဝေပေးလေ့ရှိပြီး ဒီနေ့မှာတော့ အိမ်မှာနေတဲ့ ကလေးမလေးတွေအတွက် ပျော်စရာဖန်တီးပေးဖြစ်ပုံလေးကို မျှဝေလာပါတယ်။ ကလေးမလေးတွေအတွက် မဲအစီအစဉ်နဲ့ဖုန်းမဲဖောက်ပေးခဲ့ပြီး ပျော်ရွှင်စရာအချိန်လေးကို ဖန်တီးခဲ့ကြပါတယ်။

တစ်ယောက်တည်းကို ဖုန်းမဲဖောက်ပေးတာမျိုးမဟုတ်ဘဲ တစ်ယောက်စီတိုင်းအတွက် တစ်လုံးစီပေးခဲ့တာကြောင့် ပျော်ရွှင်သွားတဲ့ကလေးမလေးတွေရဲ့ အပျော်ကတော့ ကြည့်ရှုသူတွေကိုပါ ကူးစက်စေမှာ အမှန်ပါ။ ရွှေနှစ်ရွှေကတော့ သူတို့ကိုယ်တိုင်လည်း ပျော်အောင် အမြဲနေလေ့ရှိသလို ကိုယ့်ဘေးကလူတွေကိုပါ ပျော်ရွှင်စရာဖန်တီးပေးခဲ့တဲ့ ဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source – Htoo Khant
Rainbow- Cele Gabar