ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ပိုပိုရဲ့အချစ်သီချင်းအသစ်လေးထွက်ရှိလာ

Posted on

ပိုပိုကတော့ အချစ်သီချင်းအလွမ်းသီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့သူတစ်ယောက်ပါ။ သိပ်မကြာသေးခင်ရက်ပိုင်းကလည်း သီချင်းအသစ်အတွက် Music Video ရိုက်ကူးနေတယ်ဆိုပြီးတော့ ပရိသတ်တွေကို အသိပေးထားခဲ့သလို ရိုက်ကွင်းနောက်ကွယ်ကပုံလေးတွေနဲ့လည်း ရင်ခုန်နေစေခဲ့ပါတယ်။


ဒီနေ့မှာတော့ သီချင်းလေးကို ပရိသတ်တွေကို ချပြလာခဲ့ပါပြီ။ ဒီသီချင်းလေးနာမည်က “အရိပ်ကလေးလို ” ဖြစ်ပြီး အရမ်းချစ်တတ်တဲ့မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်တွေကို ရေးဖွဲ့ထားတာဖြစ်ပြီး “အချစ်ဆိုတဲ့စကားလုံးတစ်ခုကို ဖွင့်ပြောဖို့မဖြစ်တဲ့ မိန်းကလေးမို့ အရိပ်ကလေးလို မင်းအနားမှာပဲ ငါနေချင်လို့” ဆိုတဲ့ သီချင်းစာသားလေးတွေကလည်း မိန်းကလေးတော်တော်များများရဲ့ခံစားချက်နဲ့ကိုက်ညီနေမှာပါ။ ဒီသီချင်းကိုတော့ JOOX အပ်ပလီကေးရှင်းမှာ နားဆင်လို့ရနေပြီလည်း ဖြစ်ပါတယ်။


ပိုပိုကတော့ ဒီသီချင်းလေးမှာ မင်းသားချောပိုင်တံခွန်နဲ့အတူ တွဲဖက်ပြီးတော့ သရုပ်ဆောင်ထားတာပါ။ ရိုက်ကွင်းနောက်ကွယ်ပုံရိပ်လေးတွေလည်း တွေ့ခဲ့ကြပြီးပြီဖြစ်တာကြောင့် Music Video ထွက်လာတဲ့အခါ ဘယ်လိုတွေဖြစ်နေမလဲဆိုတာရင်ခုန်စရာပါ။ ပိုပိုရဲ့သီချင်းလေးထဲကလို ချစ်သူနားမှာအရိပ်ကလေးလိုရှိချင်တယ်ဆိုတဲ့ သူတွေရှိလားနော်….


Source : ပိုပို